သတင်းများ

မိတ္ထီလာ အထက(၄) ၌ လူငယ်ရေးရာ အသိပညာဟောပြောပွဲကျင်းပ
Aug 23,2022
မိတ္ထီလာ၌ ခရိုင်ပညာရေးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲက အထက (၄) ခန်းမ၌ ကျင်းပကြောင်းသိရသည်။
ပုလောမြို့နယ် ပြန်/ဆက်ဝန်ထမ်းများက နယ်လှည့်ကွင်းဆင်း၍ သုတ/ရသ စာအုပ်စာစောင် များ ငှားရမ်းပေး
Aug 23,2022
စာဖတ်ရှိန် တိုးတက်လာစေရေးရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့် တိုက်ရှိ သုတ/ရသ စာအုပ်များကို ယနေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်း မိသားစုများကို သွားရောက်၍ သုတ/ရသစာအုပ် စာစောင်များကို ကွင်းဆင်းငှားရမ်း ဆောင်ရွက်ပေးခဲ့သည်။
နမ့်စန်မြို့နယ် ပြည်သူ့စာကြည့်တိုက် တွင် လူငယ်နှင့်ကျန်းမာရေးအသိပညာပေး Talk Show ဆောင်ရွက်
Aug 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးခြင်း အစီအစဉ်များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် ကျန်းမာရေးလှုပ်ရှားမှု အစီအစဉ်များကို
ရပ်စောက်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေး
Aug 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာငွေများထုတ်ပေးခြင်းကို ဩဂုတ်လ ၂၁ ရက်နေ့ နံနက် ၈ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သီပေါမြို့နယ် အခြေခံပညာကျောင်းများတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်
Aug 23,2022
ကျောင်းသား၊ ကျောင်းသူကလေးငယ်များ ငယ်စဉ်ကပင်စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ပြင်ပဗဟုသုတရရှိစေရန်၊ ဉာဏ်ပညာတိုးတက်လာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ ယနေ့နံနက် (၁၀)နာရီကစာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေး
Aug 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ငလျင်၏သဘောသဘာဝများ၊ ငလျင်ကြောင့် အသက်အန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဒေသခံပြည်သူများ သိရှိလိုက်နာစေရန်အတွက် ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး  အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ကလေးစာဖန်းခန်း၌ ဆေးရောင်​ခြယ်ပြိုင်ပွဲ ကျင်းပ
Aug 23,2022
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရုံး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်းတွင် ဆေးရောင်ခြယ်ပြိုင်ပွဲကို ယမန်နေ့နေ့လည်ပိုင်း ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။