သတင်းများ

နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများဆောင်ရွက်
Aug 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ ဝန်ထမ်းများအား စာအုပ်စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ယနေ့ နံနက်ပိုင်း က Mobile Library ကွင်းဆင်းငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
ဘားအံမြို့တွင် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 တွင် ပါဝင်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်
Aug 23,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဦးစီးကျင်းပသော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအထိမ်းအမှတ် တူယှဉ်နွှဲပျော်ဂီတပွဲတော် Season-2 သီချင်းသီဆိုမှုပြိုင်ပွဲတွင် ကရင် ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့်ပြိုင်ပွဲဝင်(၃)ဦးအား  ဂုဏ်ပြုထောက်ပံ့ငွေပေးအပ်သည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
သီပေါမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်ဆောင်ရွက်
Aug 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍
မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
Aug 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဗီတာမင်အေတိုက်ကျွေးခြင်းလုပ်ငန်းများကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျောင်းရှိ ခန်းမဆောင်၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျုံပျော်တွင် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ပြုလုပ်
Aug 23,2022
ငါးသယံဇာတ၏ အရေးပါမှုကို ပြည်သူများ သိရှိစေရန်၊ ငါးမျိုးမပြုန်းတီး‌ရေးနှင့် ရေရှည်တည်တံ့နိုင်ရေး ဝိုင်းဝန်းကြိုးစားကြစေရန်အတွက် ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေး Talk Show ရိုက်ကူးခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံ Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌ ရသစုံလင်စာဥယျာဉ်အစီအစဉ် (Online) အသိပညာပေးဟောပြော
Aug 23,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၊ ရသစုံလင်စာဥယျာဉ်အစီအစဉ် အသိပညာပေး ဟောပြောခြင်းကို (Online)မှ တစ်ဆင့်ဆောင်ရွက်ပေးလျက်ရှိရာ
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရန် မွန်တိုင်းရင်းသားအကအဖွဲ့ ဇာတ်တိုက်လေ့ကျင့်
Aug 23,2022
မန္တလေးတိုင်းဒေသကြီး (၂၃)ကြိမ်‌မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးသည် ယမန်နေ့ ညနေပိုင်းက အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္က သိုလ် (မန္တလေး)တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ရန် မွန်တိုင်းရင်း သားအကအဖွဲ့ ဇာတ်တိုက်လေ့ကျင့်နေမှုကို ကြည့်ရှုအားပေးသည်။
ဗန်းမော်မြို့ တံခွန်တိုင် ပရဟိတစာသင်တိုက်၌ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆွမ်းဆန်တော်၊ ဆီနှင့် ကုလားပဲ၊ အလှူငွေများ ဆက်ကပ်လှူဒါန်း
Aug 23,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကချင် ပြည်နယ် ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ် ရေးရုံးမှ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးဇော်လင်းနှင့် ဝန်ထမ်းများ သည် ယမန်နေ့က ဗန်းမော်မြို့ တံခွန်တိုင်ပရဟိတ စာသင်တိုက်ရှိ စာသင်၊ စာချ သီလရှင်ဆရာကြီးနှင့် ဆရာလေးများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲများအပြင် ဆွမ်းဝေယျာဝစ္စအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။