သတင်းများ

မန်တုံမြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Aug 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းဝန်ဆောင်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အောင်ချမ်းသာရပ်ကွက်သို့ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
မိုင်းလုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်‌ရေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်
Aug 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲကို အခြေခံပညာ အထက်တန်းကျောင်း၌
ဗန်းမော်မြို့တွင် ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်း‌ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲပြုလုပ်
Aug 23,2022
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဂေဟစနစ်ကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုလောမြို့နယ် Community Centre ၌  ကျောင်းပိတ်ရက်တွင် ကျောင်းသား/သူများ ပျော်ရွှင်စေရန် ပြပွဲ/ပြိုင်ပွဲများ ဆောင်ရွက်ပေး
Aug 23,2022
ကျောင်းသား/သူများကို စာကြည့်တိုက်ကို ရင်းနှီးပြီး စာပေကိုချစ်မြတ်နိုသူများ ဖြစ်လာစေရန် ရည်ရွယ်၍  ကျောင်းပိတ်ရက်အတွင်း ပြပွဲ/ ပြိုင်ပွဲများကို  ယမန်နေ့ နေ့လယ် ၁ နာရီက ပုလော မြို့နယ် Community Centre ၌ ကျင်းပပြုလုပ်ပေးခဲ့သည်။
မိုင်းငေါ့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရေး ပြိုင်ပွဲများပြုလုပ်ဆောင်ရွက်ပေး
Aug 23,2022
ရှမ်းပြည်နယ်၊ (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်း‌ငေါ့မြို့ ပြည်သူ့စာကြည်တိုက်ရှိ ကလေးစာဖတ်ခန်းတွင် ကလေးများ ဉာဏ်ရည်မြင့်မားပြီး စာကြည့်တိုက်အား ပျော်ရွှင်စွာ လာရောက်အသုံးချတတ်စေရေးအတွက်
နမ့်ဆန်မြို့ အမက(၁)ကျောင်း၌ အသိပညာပေး နယ်လှည့်ဟောပြောပွဲ ကျင်းပ
Aug 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး နယ်လှည့်ဟောပြောပွဲကို အမက(၁)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
စုကလိမြို့တွင် အလယ်တန်းအဆင့် စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲ ကျင်းပ
Aug 23,2022
ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်နှင့်ကလေးစာဖတ်ခန်း အသုံး ပြုမှုများ ပိုမိုကောင်းမွန်စေရေးနှင့် ကလေးငယ်များ ကာယဉာဏ စာရိတ္တ မြင့်မားစေရန်နှင့် မိမိတို့ စိတ်ကူးဉာဏ်များအား လက်တွေ့ဖန်တီး တတ်စေရန် ရည်ရွယ်ချက်များဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်သူ့စာကြည့်တိုက်ကလေး စာဖတ်ခန်းတွင် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲအား ကျင်းပပြုလုပ်ပေးခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ သန့်ရှင်းသာယာလှပရေး မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ ဆောင်ရွက်
Aug 23,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ မြို့ အင်္ဂါရပ်နှင့် အညီသန့်ရှင်း သာယာလှပါစေရေးအတွက်၊   မြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများက