ငဖဲမြို့နယ် ဇီးတောကျေးရွာ (အ.လ.က)တွင် လူငယ်နှင့် ခေါင်းဆောင်မှုအကြောင်း အသိပညာပေး ဟောပြော
Aug 23,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ အသိပညာဗဟုသုတတိုးပွားစေရန်နှင့် လူငယ်ရေးရာ အကြောင်းအရာများကို သိရှိစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လူငယ်နှင့်ခေါင်းဆောင်မှုအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီက ဇီးတောကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် အခြေခံပညာအလယ်တန်းဆင့် ကျောင်းသား/သူ (၁၈၅ ) ဦး တက်ရောက်ခဲ့သည်။