ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာအဝင်လမ်း ကတ္တရာခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Aug 12,2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ် တွင် ဆောင်ရွက်လျက်ရှိသည့် ပုဂံမြို့သစ်မှ နတ်ကြို့အိုင်ကျေးရွာ အဝင်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုကို မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီးဌာန၊ ဦးစီးအရာရှိ(မြို့ပြ)နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန(ရုံးချုပ်) စီမံကိန်းစစ်ဆေးရေးနှင့် အရည်အသွေး ထိန်းသိမ်းရေးဌာနခွဲမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။