ထားဝယ်မြို့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်
Aug 12,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ထားဝယ်မြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က “ပညာဘဏ်တိုက်စာကြည့်တိုက်”ဟူ၍ အဆိုရှိကြောင်း၊ စာကြည့်တိုက်များကို အသိပညာ အတတ်ပညာဟူသော အဖိုးထိုက်၊ အဖိုးတန်ဘဏ္ဍာများ သိုလှောင်သိမ်းဆည်းရာဘဏ်တိုက်များအဖြစ် တင်စားထားခြင်းဖြစ်ကြောင်း၊ စာအုပ်စာပေ ဖတ်ရှုလေ့လာခြင်း၏အကျိုးကို ကျောင်းသားကျောင်းသူများသိရှိနားလည်ရန် ဆရာ၊ ဆရာမများက ရှင်းလင်းပြောကြားပေးကြရမည်ဖြစ်ပြီး ကျောင်းသားကျောင်းသူတိုင်းစာဖတ်သူများဖြစ်လာစေရန် လည်း အားပေး တိုက်တွန်းကြရန် လိုအပ်ကြောင်းပြောကြားသည်။