သာပေါင်းမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ပွဲ ကျင်းပ

သာပေါင်း မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် အုပ်ချုပ်ရေးလုပ်ငန်းများ ပိုမိုချောမွေ့ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ပွဲကို ယမန်‌နေ့၊ မွန်းလွဲ ၂ နာရီက အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း၊ ဓမ္မဗိမာန်ကျောင်းတိုက်ရှိ ဓမ္မဝိဇယဓမ္မာရုံ၌ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ရွေးချယ်ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရွေးချယ်ပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် အမှတ် (၁) ဦးကိုကိုဇင်နှင့် မြို့အဆင့် ရွေးချယ်ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက အုပ်ချုပ်ရေးမှူးလောင်းအား မဲပေးရွေးချယ်ရာတွင် ပြည်သူများ သိသင့်သိထိုက်သည့် ဥပဒေ၊ နည်းဥပ‌ဒေများကို  ရှင်းလင်းပြောကြားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျင်းပကြရာ အုပ်ချုပ်ရေးမှူးလောင်းများအား မဲပေးခွင့်ရှိသူ အိမ်ထောင်စုကိုယ်စားလှယ် ပြည်သူများ လွတ်လပ်ပွင့်လင်းစွာ ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြပြီးနောက် မဲရေတွက်ခြင်း လုပ်ငန်းများကို ရွေးချယ်ရေးကော်မတီဝင်များက ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ခဲ့ကြပြီး မဲအများဆုံး ရရှိသူအား အမှတ်(၁)ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ် အတည်ပြုရွေးချယ်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး (ပြန်/ဆက်)