တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားတက်ရောက်
Aug 13,2025
“လူငယ်စွမ်းအားမှသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့”စသည့်ဆောင်ပုဒ်နှင့်အညီ”၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့" အခမ်းအနားကို ဩဂုတ် ၁၂ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော် ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီအနေဖြင့်ဆယ်ကျော်သက်လူငယ်များကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်များရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ လူငယ်စကားဝိုင်းများကို နိုင်ငံတစ်ဝန်းကျင်းပပေးလျက်ရှိသကဲ့သို့ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် နည်းပညာပေးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း ပြောကြားသည်။