သတင်းများ

ကျိုင်းတုံတက္ကသိုလ်၌ သင်ကြား၊ သင်ယူမှုလုပ်ငန်းများအတွက် ဉာဏ်ရည်တု (AI) အသုံးပြုခြင်း စာတမ်းဖတ်ပြိုင်ပွဲကျင်းပ
May 29,2026
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ်၌ သင်ကြား၊ သင်ယူမှု လုပ်ငန်းများအတွက် ဉာဏ်ရည်တု (AI) အသုံးပြုခြင်း စာတမ်းဖတ်ပြိုင်ပွဲကို မေ ၂၉ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း ခေမာရဋ္ဌ် ခန်းမတွင်ကျင်းပသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဗလမင်းထင်စံပြစိုက်ကွင်းအတွင်း သဘာဝမြေသြဇာ (ပိုက်ဆံလျှော်) အသုံးပြုခြင်း ကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား MPE ထုတ်မြေသြဇာဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနေမှုအား ကြည့်ရှုအားပေး
May 29,2026
ကချင်ပြည်နယ်အတွင်း ဒေသတွင်း စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် သီးထပ်စိုက်စွမ်းအား တိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ နံနက်ပိုင်းက တောင်သူအသိပညာပေး သဘာဝမြေသြဇာ (ပိုက်ဆံလျှော်) အသုံးပြုခြင်းကွင်းသရုပ်ပြပွဲနှင့် တောင်သူများအား MPE ထုတ်မြေသြဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
သီပေါမြို့နယ်တွင် အထူးကုဆရာဝန်ကြီးများက ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်းဆေးကုသပေးလျက်ရှိ
May 29,2026
ကျန်းမာရေးဝန်ကြီးဌာနနှင့် ရှမ်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ပါ လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည့် ကွင်းဆင်းဆေးကုသမှု လုပ်ငန်းအား  ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုသရေးဦးစီးဌာန၊ လားရှိုးပြည်သူ့ဆေးရုံကြီးနှင့် သီပေါပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများသည် သီပေါမြို့နှင့် အနီးတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသား ပြည်သူများအား ယနေ့နံနက် ၉ နာရီ မှ မွန်းလွဲ ၃ နာရီထိ သီပေါမြို့နယ် ပြည်သူ့ဆေးရုံ၌ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။
ကျောက်ကြီးမြို့နယ်၌ သဘာဝမြေသြဇာ(EM) ဘိုကာရှီ မြေဆွေးနည်းပညာပေး သရုပ်ပြပွဲ ပြုလုပ်
May 29,2026
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာအုပ်စု သံဘိုကျေးရွာနှင့် ကျွဲခြံကျေးရွာရှိ တောင်သူများ၏ လယ်ကွက်တွင် ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝေလင်းနှင့် အဖွဲ့ဝင်များ စီမံညွှန်ကြားချက်အရ သဘာဝမြေသြဇာ(EM)ဘိုကာရှီ မြေဆွေးနည်းပညာပေး သရုပ်ပြပွဲပြုလုပ်ခဲ့သည်။
တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ အရာရှိမြေတိုင်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲကျင်းပ
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေး သင်တန်းကျောင်း၌ အရာရှိမြေတိုင်းသင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။
ကချင်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး စားသုံးသူ‌ရေးရာကော်မတီအဖွဲ့ဝင်များနှင့် (၂/၂၀၂၆) ကြိမ်မြောက် စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေး
May 29,2026
ကချင်ပြည်နယ် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်သည် ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အစည်းအဝေးခန်းမ၌ စားသုံးသူအခွင့်အရေးနှင့် အကျိုးစီးပွားကာကွယ်ပေးနိုင်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပြည်နယ်စားသုံးသူရေးရာကော်မတီ၏ (၂/၂၀၂၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြသည်။
အင်းစိန်မြို့နယ်၌ ၂၀၂၅ - ၂၀၂၆ ခုနှစ်၊ ငါးမဖမ်းရ ရာသီပိတ်ကာလအတွင်း ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း (၁/၂၀၂၆) ဖွင့်ပွဲ အခမ်းအနားကျင်းပ
May 29,2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ၂၀၂၅- ၂၀၂၆ ခုနှစ်၊ ငါးမဖမ်းရ ရာသီပိတ်ကာလအတွင်း ပင်လယ်ငါးဖမ်းရေလုပ်သားများအတွက် အခြေခံလုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း(၁/၂၀၂၆) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၊ ငါးလုပ်ငန်းသင်တန်းကျောင်း(ကြို့ကုန်း)တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး ဦးသံချောင်းနှင့် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်နိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကမ်းဝေးငါးဖမ်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူးနှင့် ကမ်းဝေးရေယာဉ်ပိုင်ရှင်များ၊ သင်တန်းသားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အလုံမြို့နယ်ရဲတပ်ဖွဲ့၏ ဝန်ထမ်းအိမ်ယာသို့ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်
May 29,2026
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၊ ဌာနာရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ရဲတပ်ဖွဲ့၏ ဝန်ထမ်းအိမ်ယာသို့ သွားရောက်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကွင်းဆင်းဆောင်ရွက်ခဲ့သည်။