ငဖဲမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ကျပ် ၁၀၉၉ သိန်းထုတ်ချေးပြီးစီး
Nov 26,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူလယ်သမားများထံ ၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ ၆ ရက်နေ့မှစတင်၍ ထုတ်ချေးပေးခဲ့ရာ ယနေ့အထိ ကျေးရွာအုပ်စု ၆ အုပ်စုမှ တောင်သူများအား စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၀၉၉ သိန်း ထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း သိရသည်။