သတင်းများ

ဒေးဒရဲမြို့၌ ဒေသထွက်ဆန်များ စျေးနှုန်းသက်သာစွာ ရောင်းချ
Nov 26,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရေးနှင့် အခြေခံစားသောက်ကုန်များ စျေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် အခြေခံစားသောက်ကုန်ဖြစ်သည့် ပေါ်ဆန်းဆန်နှင့် ဧည့်မထဆန်များကို ယနေ့နံနက် (၈) နာရီက မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်းရုံးတွင် စျေးနှုန်းသက်သာစွာဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့၌ သားဆက်ခြားခြင်း၊ မိခင်နို့ စနစ်တကျ တိုက်ကျွေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အာဟာရထောက်ပံ့ခြင်း အခမ်းအနား ကျင်းပ
Nov 26,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်/ မြို့နယ်အမျိုးသမိးရေးရာအဖွဲ့တို့ ပူးပေါင်း၍ သားဆက်ခြားခြင်း၊ မိခင်နို့စနစ်တကျ တိုက်ကျွေးခြင်းဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် အာဟာရထောက်ပံ့ခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီက ကျိုင်းဟင်ရပ်ကွက်အတွင်းရှိ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနရုံး၌ ကျင်းပသည်။
ကွန်ဟိန်းမြို့၌ မဲရုံမှူး/ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Nov 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ မဲရုံမှူး/ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲခန့်က နမ့်ပန်ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်ဖြင့် ချက်ပြုတ်ကျွေးမွေး
Nov 26,2025
ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဥ်ကို ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးများအာဟာရဖွံ့ဖြိုးတိုးတက်ရေး အစီအစဥ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း (စတုတ္ထအကြိမ်) ကို နိုဝင်ဘာ ၂၆ ရက်နေ့ နံနက်ပိုင်းက ဆင်ပေါင်ဝဲမြို့၊မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ပြုလုပ်ခဲ့သည်။
မိုင်းလွေကျေးရွာအုပ်စုအတွင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးကွင်းဆင်း
Nov 26,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် ကျေးရွာနေဒေသခံတိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ပေးနိုင်ရေးနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာအသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကမာရွတ်မြို့နယ်၌ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရမှု အကျိုးခံစားခွင့်ထုတ်ပေး
Nov 26,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော M Pride Co;ltd မှ အာမခံအလုပ်သမား ဦးဒိုခန့်ထန်သည် မန္တလေးမြို့တွင် အလုပ်တာဝန်ထမ်းဆောင်နေစဉ် ၂၈-၃-၂၀၂၅ ရက်နေ့ မြေငလျင်ကြောင့် အလုပ်ခွင်ပြင်ပတွင် ထိခိုက် သေဆုံးမှုနှင့်ပတ်သက်၍ ကျန်ရစ်သူအကျိုးခံစားခွင့် ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁နာရီခွဲအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးခန်းမ၌ ကျင်းပခဲ့သည်။     
နန်းယွန်းမြို့၌ နာဂဒေသအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နှီးနှောဖလှယ်ခြင်း၊ အကြံအဉာဏ်ရယူခြင်းအမြင်ဖွင့် သင်တန်းဖွင့်လှစ်
Nov 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ တန်ရှန်းနာဂဒေသအတွင်းရှိ အထင်ကရဖြစ်သော မုဒ်တောင်ရေရှည်တည်တံ့စေရေးအတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ နှီးနှောဖလှယ်ခြင်း၊ အကြံအညာဏ်ရယူခြင်း အစီအစဉ် အမြင်ဖွင့်သင်တန်းကို နာဂဒေသဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးအသင်းနှင့် မိတ်ဖက်အဖွဲ့ဖြစ်သော ကမ္ဘာ့လုံးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရန်ပုံငွေ အဖွဲ့ Worldwide Fund for nature (WWF-Myanmar) မြန်မာနိုင်ငံအစီအစဉ်နှင့် ပူးပေါင်းပြီး လိုအပ်သည့် နည်းပညာများ၊ လူစွမ်းအားအရင်းအမြစ်များ၊ အသိပညာများကို ပံ့ပိုးပေးခြင်းဖြင့် နောင်တစ်ချိန်တွင် တန်ရှန်းနာဂ​ဒေသ၏ သဘာဝအမွေအနှစ်များကို စနစ်တကျ စီမံဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်၍ အမြင်ဖွင့်သင်တန်းကို ယနေ့ နံနက် ၉ နာရီအချိန်က နန်းယွန်းမြို့နယ် နှစ်ခြင်းခရစ်ယာန်အသင်းတော်များအဖွဲ့၊ ဂျူပလီဟောခန်းမတွင် ကျင်းပသည်။
ဘားအံမြို့တွင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) ဒုတိယနေ့ ဆက်လက်သင်ကြား
Nov 26,2025
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူး၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အခြေခံသင်တန်း (BDMC) အမှတ်စဉ် (၁/၂၀၂၅) ကို ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်တွင် သင်တန်းဒုတိယနေ့အဖြစ် ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။