သတင်းများ

ကော့ကရိတ်မြို့၌ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Nov 26,2025
ကော့ကရိတ်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီတွင် ကော့ကရိတ်မြို့နယ်၊ လှိုင်ဝကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
စားသုံးဆီများ ဖြန့်ဖြူးရာတွင် အခြေခံရည်ညွှန်းစျေးနှင့် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်အပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောစျေးနှုန်းဖြင့် ရောင်းချဖြန့်ဖြူးရန်လိုအပ်
Nov 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာ ဦးစီးဌာနမှပြုလုပ်သော ပြည်နယ်စားသုံးဆီဖြန့်ဖြူးမှုကြီးကြပ်ရေးအဖွဲ့၏(၂/၂၀၂၅) အစည်းအဝေးကို နိုဝင်ဘာ၂၅ရက်နံနက် ၉ နာရီ က ပြည်နယ်ဦးစီးမှူးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ခန္တီးမြို့၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်း ပြုလုပ်
Nov 26,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ လူငယ်များအတွေးအခေါ်မြင့်မားလာစေရန်၊ စကားပြောစွမ်းရည်ကြွယ်ဝလာစေရန်၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်းကို အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မြို့မတွင် ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နည်းပညာတက္ကသိုလ်(ရမည်းသင်း)၌ ဘွဲ့ကြိုအင်ဂျင်နီယာသင်တန်းများ စတင်ဖွင့်လှစ်လျက်ရှိ
Nov 26,2025
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ် နည်းပညာတက္ကသိုလ်(ရမည်းသင်း)၌ နိုဝင်ဘာလ(၂၄)ရက်မှ စတင်ကာ ကျောင်းဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။
ကလေးမြို့တွင် ၂၆ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၅)နှစ်အောက် ဖူဆယ်နှင့် အေရိုးဗစ်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်
Nov 26,2025
ကလေးမြို့တွင် ၂၀၂၅ ခုနှစ်တွင် ကျရောက်သော ၂၆ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဆုရရှိသူများနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက်(၂၅) နှစ်အောက်ဖူဆယ်နှင့်အေရိုးဗစ်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကလေးခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရပ်စောက်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်၊ မြို့နယ်ဌာနဆိုင်ရာများ တွေ့ဆုံပွဲ ပြုလုပ်
Nov 26,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် နိုင်ငံရေးပါတီများ၊ မြို့နယ်ရပ်ကွက်ကျေးရွာအုပ်စုရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရဿဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါတွေ့ဆုံပွဲသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်နှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်‌ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ မဲရုံမှူး၊ ဒုမဲရုံမှူး ရွေးကောက်ပွဲဆိုင်ရာပညာပေး သင်တန်းဖွင့်လှစ်
Nov 26,2025
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း၌ ပါတီစုံအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုမဲရုံမှူး ရွေးကောက်ပွဲဆိုင်ရာ ပညာ‌ပေးသင်တန်းကို ယနေ့နံနက် ၁၀နာရီအချိန်က သရက်ချောင်းမြို့၊ (အ.ထ.က) သရက်ချောင်းကျောင်း ပညာရတနာခန်းမတွင် ဖွင့်လှစ်သင်ကြားသည်။
မင်းလှမြို့နယ်၌ ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေး
Nov 26,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ယာယီနေရပ်စွန့်ခွာနေရသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကိုနိုဝင်ဘာ ၂၆ ရက်နံနက် ၁၀ နာရီမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိသည်။