သရက်ချောင်းမြို့နယ်ရှိ ကွမ်းသီးခြံတောင်သူများ ကွမ်းသီးအခြမ်းခွဲရောင်းချရာမှ ဈေးကောင်းရရှိ 

သရက်ချောင်း နိုဝင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်သူများသည် နှစ်ရှည်ပင်အဖြစ် ကွမ်းသီးပင်များအဓိကစိုက်ပျိုးလျက်ရှိရာ ကွမ်းသီးအစ‌ပေါ်ချိန်တွင် ကွမ်းသီးအနုဈေးကောင်းရရှိ၍ တောင်သူများက ကွမ်းသီးအနုရောင်းချမှုများသဖြင့် ယခုကွမ်းသီးအမှည့်ပေါ်ထွက်ချိန်တွင် ဈေးကောင်းရရှိကြောင်းသိရသည်။

သရက်ချောင်းမြို့နယ်အတွင်းရှိ ဥယျာဉ်ခြံငလုပ်ကိုင်သည့် တောင်သူများက ကွမ်းသီးအခြမ်းခွဲရောင်းချရာတွင် မြို့နယ်အတွင်းရှိ ကွမ်းသီးအဝယ်ဒိုင်များနှင့် ထားဝယ်မြို့ရှိ ကွမ်းသီးအဝယ်ဒိုင်များသို့ သွားရောက်ရောင်းချကြကြောင်း ယခုနှစ်အစောပိုင်းကွမ်းသီး‌ပေါ်ချိန် ဈေးနှုန်းမှာ ကွမ်းသီးတစ်လုံးလျှင် ငွေကျပ် ၁၂၀ ၊ ကွမ်းသီးအခြမ်းပါကင်တစ်ပိဿာလျှင် ကျပ် ၁၃၀၀၀၊ ကွမ်းသီးအညိုသီး တစ်ပိဿာလျှင် ကျပ် ၉၀၀၀ အထိ ဈေးကောင်းရရှိကြောင်း ကွမ်းသီးခြံလုပ်ကိုင်သူ ဒေါ်တင်နုထံမှ သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)