သတင်းများ

ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ပြည်သူများ ရောဂါအန္တရာယ်ကင်းရှင်းရေးအတွက် ကာကွယ်ဆေးထိုးခြင်း၊ ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခြင်း၊ ကလေးငယ်များအတွက် အပတ်စဉ်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ၊ သွေလွန် တုတ်ကွေးကာကွယ်ရေး လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ်စည်ပင်၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၊ သမဝါယမ အသင်းစု လီမိတက်၏ (၁.၄.၂၀၁၉)မှ (၃၀.၉.၂၀၁၉)နေ့ထိ Mini Budgetနှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က မေတ္တာလမ်းရှိ တောင်ဥက္ကလာပမြို့နယ် သမဝါယမအသင်းစု လီမိတက်ရုံး၌ ကျင််းပခဲ့သည်။
ဒေါပုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ညှိနှိုင်းဆွေးနွေး
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးခန်းမ၌ ကျင်းပခဲ့သည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယို ရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်း ဒုတိယနေ့ ဆက်လက်ဖွင့်လှစ်
Mar 21,2022
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများမှ ဝန်ထမ်းများ ဗီဒီယိုသတင်းများ ရိုက်ကူးတည်းဖြတ်ပေးပို့ရာတွင် အရည်အသွေးများ ယခင်ကထက် ကောင်းမွန်ပြည့်စုံမှုရှိစေရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(သင်္ဃန်းကျွန်း)ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင်  မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဒုတိယနေ့ကို ဖွင့်လှစ်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်ကလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ  ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ 
ဝေါမြို့၌ ကိုဗစ်-ကိုဗစ်၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ဆက်လက်ထိုးနှံပေး
Mar 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် ပြည်သူ များအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အေးချမ်းသာယာရပ်ကွက်၌ ဆက်လက် ထိုးနှံပေးသည်။
ထန်းတပင်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဆက်လက်၍ ထိုးနှံပေး
Mar 21,2022
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေမှုများကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကာကွယ် ဆေးမထိုးနှံရသေးသည့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက ကာကွယ်ဆေးမထိုးနှံရသေးသည့် အများပြည်သူများနှင့် ဒုတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးနှံမည့်သူများအား အမှတ်(၃)ရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံတွင် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆက်လက်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Mar 20,2022
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
လယ်ဝေးမြို့နယ်တွင် နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေး ဆွေးနွေးပွဲကျင်းပ
Mar 20,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ပိတောက်ချောင်ကျေးရွာအုပ်စု၊ လေးကသိန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က နေကြာသီးနှံ တိုးချဲ့စိုက်ပျိုးရေး တောင်သူပညာပေး ဆွေးနွေးပွဲ ကျင်းပခဲ့သည်။