ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ဒဂုံတောင် မတ် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် ပြည်သူများ ရောဂါအန္တရာယ်ကင်းရှင်းရေးအတွက် ကာကွယ်ဆေးထိုးခြင်း၊ ဆေးဖြန်းခြင်းများ ဆောင်ရွက်ပေးခြင်း၊ ကလေးငယ်များအတွက် အပတ်စဉ်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ၊ သွေလွန် တုတ်ကွေးကာကွယ်ရေး လုပ်ငန်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ်မီးသတ်၊ မြို့နယ်စည်ပင်၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇နာရီခှဲအခြိနျက မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေမောင်၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာအဖွဲ့များမှ စိုက်မွေး(၁) စံပြရပ်ကွက်အတွင်းရှိ ပြည်သူများ သွေးလွန်တုတ်ကွေးရောဂါ ကာကွယ်နိုင်စေရေး အတွက် ခြင်ထောင်များဆေးစိမ်ခြင်း၊ ရပ်ကွက်အတွင်းရှိရေကန်များ နေအိမ်သုံးရေတိုင်ကီနှင့် အုတ်ရေကန်များအား အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ သွေးလွန်တုတ်ကွေး ကာကွယ်ရေးအတွက် ခြင်ထောင်များဆေးစိမ်ခြင်း၊ အဘိတ်ဆေးခပ်ခြင်းများ ဆောင်ရွက်နေမှုများအား စည်ပင်သာယာ ပြည်သူ့ကျန်းမာရေးဌာနမှ ဌာနမှူး ဒေါက်တာ မြင့်သန်းထွန်းမှ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း မြို့နယ်စည်ပင်ဌာနမှ သိရှိရသည်။

သန်းသန်းအေး(ဒဂုံတောင်)