ရန်ကုန် မတ် ၂၁
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများမှ ဝန်ထမ်းများ ဗီဒီယိုသတင်းများ ရိုက်ကူးတည်းဖြတ်ပေးပို့ရာတွင် အရည်အသွေးများ ယခင်ကထက် ကောင်းမွန်ပြည့်စုံမှုရှိစေရေးအတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(သင်္ဃန်းကျွန်း)ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဒုတိယနေ့ကို ဖွင့်လှစ်ပေးလျက်ရှိရာ ယမန်နေ့နံနက်(၁၀:၀၀)နာရီအချိန်ကလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ထို့နောက် သင်တန်းနည်းပြများက အရုပ်အသံပိုင်းဆိုင်ရာ စနစ်တကျ တည်းဖြတ်နည်းများနှင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်းများကို ဆက်လက်ပို့ချပေးခဲ့ပြီး သင်တန်းပြီးဆုံးချိန်တွင်လည်း လက်တွေ့လုပ်ဆောင်မှုများ ပြုလုပ်၍ အသေးစိတ်ပြန်လည် ရှင်းလင်းသင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို မတ်လ(၁၉)ရက်နေ့နှင့် (၂၀)ရက်နေ့များတွင် နံနက်(၁၀)နာရီမှ မွန်းလွဲ(၂) နာရီအထိ သင်တန်းသူ/သား(၁၁)ဦးတို့အား ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း Intro Maker ပြုလုပ်နည်းနှင့် အရုပ်အသံပိုင်းဆိုင်ရာ စနစ်တကျ တည်းဖြတ်နည်းများကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သတင်းရရှိသည်။
စန္ဒာမိုး