မန္တလေး - သူရဲစျေး မြို့ပတ်ရထားလမ်းပိုင်းတွင် RBE ရထား ပြေးဆွဲခြင်း ဖွင့်ပွဲကျင်းပ

ချမ်းအေးသာစံ မတ် ၂၅

မန္တလေး-သူရဲစျေး မြို့ပတ်ရထားလမ်းပိုင်းတွင် RBE ရထား ပြေးဆွဲခြင်း ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေး သာစံမြို့နယ်ရှိ မန္တလေးဘူတာကြီးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဝဏ္ဏကျော်ထင်ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးက မြို့ပတ်ရထား ပြေးဆွဲရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် မန္တလေး-သူရဲစျေး မြို့ပတ်ရထား လမ်းပိုင်းအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် RBE မြို့ပတ်ရထားအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ အမှတ်တရ ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ ထို့နောက် ခရီးသည်များအား လိုက်လံနှုတ်ဆက်ခဲ့ပြီး အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးခဲ့ပြီးနောက် မန္တလေး-သူရဲစျေး မြို့ပတ်ရထား လမ်းပိုင်းတွင် RBE ရထား မန္တလေးဘူတာကြီးမှ စတင်ထွက်ခွာခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကိုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာ့မီးရထား၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထိပ်ထားနိုင်