ဝမ်းတွင်း မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင်ရပ်ကွက်/ကျေးရွာများရှိ အသက်(၆၅)နှစ် အထက်ရှိသူများနှင့်ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ကွင်းဆင်း၍ လိုက်လံထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက သဲတော(၃)၊ လျော်ပင်ကျေးရွာဈေးနှင့် သတ်မှတ်ထားသောကျေးရွာတို့တွင်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ယခုလို Covid19ရောဂါကာကွယ်ဆေးများ ရပ်ကွက်/ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံ ပေးခြင်းများဆောင်ရွက်ပေးရာတွင် မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စုများရှိ အသက်(၆၅)နှစ် အထက်ရှိသူများ၊ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ကိုယ်ရေးအချက်အလက်စာရင်းများ ရေးသွင်းခြင်းများ ဆောင်ရွက်ခဲ့ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများကို ကာကွယ်ဆေး များထိုးနှံ ပေးလျက်ရှိပြီး ဝမ်းတွင်းမြို့နယ်အနေဖြင့်ယနေ့ နံနက်တွင် FirstDose အဖြစ် (၁၀၅၆)ဦး၊ Second Doseအဖြစ် (၁၁၀)ဦး၊ ဒေသခံပြည်သူစုစုပေါင်း (၁၁၆၆)ဦးအားကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခြင်းများကို သက်မှတ်ထားသော ကျေးရွာများအလိုက် ထိုးနှံ ပေးလျက်ရှိပြီး ကာကွယ်ဆေး ထိုးလုပ်ငန်းများ အောင်မြင်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦးနှင့် တာဝန် ရှိသူများ၊ ပြည်သူ့ကျန်မာရေးဦးစီးဌာနဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ စေတနာလုပ်အားရှင်များနှင့် ဒေသခံ ပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုရဲ(ဝမ်းတွင်း)