ဒဂုံအရှေ့ မတ် ၂၀
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရန်နှင့် ရောဂါဖြစ်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် (၉)နာရီအချိန်မှ စတင်၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်နှင့် ဒုတိယအကြိမ် (COVISHIELD) ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက၊ ၇ ရပ်ကွက် ဒေသန္တကျန်းမာရေးဌာန၊ မလစ်အရှေ့အဝိုင်း ကျေးရွာဆေးထိုးစုရပ်နှင့်၊ (၅၂)ရပ်ကွက်များသို့အရောက် ရပ်ကွက်နေ ပြည်သူများထံ သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆေးထိုးစုရပ်နေရာအဖြစ် (၃)နေရာခွဲ၍ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ၇ ဒသန္တာရ ကျန်းမာရေးဌာနတွင် (၂၄)ဦး၊ မလစ်အရှေ့အဝိုင်း ဆေးထိုးစုရပ်တွင် (၇၁)ဦး၊ (၅၂)ရပ်ကွက်တွင် (၁၁၉)ဦး၊ စုစုပေါင်း (၂၁၄)ဦးတို့မှ နို့တိုက်မိခင် (၂၄)ဦး ပါဝင်ထိုးနှံခဲ့ကြောင်း သိရသည်။
ထိုသို့ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပြီးမှ ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်တာဝန်ရှိသူများက ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်