ကျေးသီးမြို့နယ် စည်ပင်သာယာဈေး၌ မီးငြှိမ်းသတ် သရုပ်ပြပွဲကျင်းပ

ကျေးသီး မတ် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် နွေရာသီ ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီးသရုပ်ပြပွဲများ  အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က ကျေးသီးမြို့နယ် စည်ပင်သာယာဈေး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ် ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်ဝင်းကြိုင်က မီးဘေးအန္တရာယ်နှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိဆောင်ရွက်နိုင်စေရန်အတွက် ဈေးသူ/ဈေးသားများ အား ဈေးဆိုင်များ နှင့်နေအိမ်များတွင် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောခြင်း၊ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်ခြင်း၊ မီးငြှိမ်းသတ်ရေး ဇာတ်တိုက် လေ့ကျင့်ခြင်းများနှင့် မီးသတ်ယာဉ်များဖြင့် လက်တွေ့ မီးငြှိမ်းသရုပ်ပြသခြင်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

သဲစုပိုင်(ကျေးသီး)