ဒေးဒရဲ မတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron)ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရန်နှင့် ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် လူစည်ကားရာ နေရာများတွင် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါကို ထိထိ ရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကိုလည်း အကြိမ်ရေ ပြည့်ဝစွာ မပျက်မကွက်ထိုးနှံကြပါရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် နည်းလမ်းများနှင့်အညီ နေထိုင်နိုင်ရေး၊ နေအိမ်ပြင်ပထွက်ခွာပါက ပါးစပ်နှာခေါင်းစည်းMask တပ်ဆင်ရန်၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း စက္ကန့်(၂၀)ကြာ လက်ကို မကြာခဏ ဆေးကြောရန်၊ လူထူထပ်သောနေရာများကို ရှောင်ရှားရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး မိဘပြည်သူအားလုံးက ကိုယ်စီ လိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)