မက်မန်း မတ် ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်၊ အောက်တိုဘာလမှ မတ်လထိ (၆)လ အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကဏ္ဍအလိုက် စီမံချက်များရေးဆွဲကာ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
မက်မန်းမြို့နယ် စည်ပင်သာယာရေးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ဒုတိယ(၃)လပတ်တွင် မြို့အလယ်တွင် တြိဂံထွန်းပြုလုပ်ခြင်း၊ မီးအလှဆင်ခြင်း၊ စတီးသံပန်းတပ်ဆင်ခြင်း လုပ်ငန်းအား ဌာနကြီးကြပ်မှုဖြင့် လုပ်ငန်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါမြို့အလယ်တွင် တြိဂံထွန်းပြုလုပ်ခြင်း၊ မီးအလှဆင်ခြင်း၊ စတီးသံပန် တပ်ဆင်ခြင်းကို ခွင့်ပြုငွေကျပ် (၃၀)သိန်းဖြင့် (၅-၃-၂၀၂၂)ရက်နေ့တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး (၂၈-၃-၂၀၂၂) ရက်နေ့တွင် လုပ်ငန်း(၁၀၀/-) ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
သန်းမြတ်စိုး