သတင်းများ

ပခုက္ကူမြို့၊ အမှတ်(၆)တိုးချဲ့(၂)ရပ်ကွက်၊ (၁၃)လမ်း၌ ဝါယာရှော့မှတစ်ဆင့် မီးလောင်မှုဖြစ်ပွား
Apr 02,2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၆)တိုးချဲ့(၂)ရပ်ကွက်၊ (၁၃)လမ်း၌ ယမန်နေ့ ည ၉ နာရီကျော်ခန့်က လူနေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
ကယားပြည်နယ်ရှိ စာစစ်ဌာန(၄)ခုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ (တတိယနေ့) သင်္ချာ ဘာသာရပ်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ(၅၇၅ )ဦးရှိ
Apr 02,2022
ကယားပြည်နယ်အတွင်းရှိ လွိုင်ကော်၊ ဘောလခဲ၊ ဖားဆောင်း နှင့်မယ်စဲ့မြို့နယ်အသီးသီးရှိ စာစစ်ဌာန (၄)ခုတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ နေ့မှ စတင် ဖြေဆိုလျက်ရှိရာ (တတိယနေ့)တွင် သင်္ချာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၅၇၅) ဦးဆက်လက်၍ အေးချမ်းစွာဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ပေါက်ခေါင်းမြို့နယ်၌  ဒေသခံတောင်သူများစိုက်ပျိုးသည့် ပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း
Apr 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ဒေသခံတောင်သူများသည် စိုက်ပျိုးရေနှင့် မြေအောက်ရေများဖြင့် ပြောင်းသီးနှံများကို (နွေ၊မိုး၊ဆောင်း)တစ်နှစ်ပတ်လုံး စီးပွါးဖြစ်စိုက်ပျိုးကြရာ ယခုအချိန်တွင် ဆောင်းသီးနှံပြောင်းဖူးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းကာ ရောင်းချချိန်တွင် ဈေးကောင်းရရှိကြောင်းသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများ တည်းခို လျက်ရှိသောတည်းခိုဆောင်သို့ မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း
Apr 02,2022
၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်ဆေးဖြေဆိုကျင်းပလျက်ရှိ ရာ ကျေးရွာအုပ်စု ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများက စာစစ်ဌာနကျင်းပရာ ကရင်ပြည်နယ် ကော့ကရိတ ခရိုင် ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ လာရောက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးအဝင် ပန်တိုင်ယာဉ်စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်) ကိုင်ဆောင်ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေး
Apr 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်အတွင်းရှိ ဧရာဝတီတိုင်းဒေသကြီးအဝင် ပန်တိုင်ယာဉ်စစ်ဆေးရေးဂိတ်၌ ခရီးသွားပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်)ကိုင်ဆောင်၍ ခရီးသွားလာခြင်းရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက် ၆ နာရီအချိန်က စတင်စစ်ဆေးဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် နွေရာသီအားကစားအခြေခံသင်တန်းများတွင် မြန်မာ့သိုင်းပညာရပ်ပါထည့်သွင်းသင်ကြားပေး
Apr 02,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အားကစားခန်းမတွင် မြို့နယ် အားက စားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအားကစား အခြေခံသင်တန်းများကို မတ်လ ၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပေးရာ မြန်မာသိုင်းပညာရပ်ပါ ထည့်သွင်း သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Apr 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့ နေ့လယ်ပိုင်းက ကျေးလက်လမ်းဦးစီးဌာန တာချီလိတ်ခရိုင် အင်ဂျင်နီယာ မှူး ဦးဇော်မျိုးမောင်နှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မိုင်းငေါ့မြို့ရုံး Community Centre တွင် စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲပြုလုပ်
Apr 02,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲ ခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြု ဗဟိုဌာန Community Centre ရုံးခန်း၌ ကလေးငယ်များအား နွေရာသီကျောင်းပိတ် ရက်ကို အကျိုးရှိစွာအသုံးချတတ် စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ပိုမိုတိုးတက်မြင့်မားလာစေရန်၊ စာကြည့်တိုက် နှင့် ရင်းနှီးကျွမ်းဝင် မှုရှိစေရန်၊ စိတ်ကူးစိတ်သန်းများ ထက်မြက်စေရန်၊ ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့ အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍ စိတ်ကြိုက်ပန်းချီ ပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က ပြုလုပ်ခဲ့ကြောင်းသိရသည်။