တက္ကသိုလ်ဝင်တန်းစာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား ကျောင်းသူများ တည်းခို လျက်ရှိသောတည်းခိုဆောင်သို့ မီးသတ်ဦးစီးဌာနမှ သောက်သုံးရေများလှူဒါန်း

ကြာအင်းဆိပ်ကြီး ဧပြီ ၂

၂၀၂၁-၂၀၂၂ ခုပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စစ်ဆေးဖြေဆိုကျင်းပလျက်ရှိ ရာ ကျေးရွာအုပ်စု ကျေးရွာများရှိ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူများက စာစစ်ဌာနကျင်းပရာ ကရင်ပြည်နယ် ကော့ကရိတ ခရိုင် ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ လာရောက် ဖြေဆိုလျက်ရှိကြောင်းသိရသည်။

အဆိုပါ တက္ကသိုလ်ဝင်တန်းစာမေးပွဲအား  လာရောက်‌ဖြေဆိုလျက်ရှိရာ ဆရာဆရာမများ ကျောင်းသားကျောင်းသူများနှင့် ကျောင်းသားမိဘအုပ်ထိန်းသူများ တည်းခိုနေထိုင်စား သောက်လျက်ရှိသည့် စာသင်ကျောင်းများသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက သောက်သုံးရေများအားဖူလုံအဆင်ပြေစွာ ချက်ပြုတ်စားသောက်သုံးစွဲနိုင် စေရေးအတွက် ဌာနပိုင်ရေသယ်ယာဉ်ဖြင့် သွားရောက်ပြီး လှူဒါန်းဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်းဦး