သတင်းများ

မချမ်းဘောမြို့၌ နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်၍ ခရီးသွားလာခြင်း၊ အစစ်ဆေးခံခြင်းပြုလုပ်နိုင်ရေး လှည့်လည် အသိပေးနှိုးဆော်
Apr 02,2022
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့၌ ပြည်သူများခရီးသွားလာရာတွင် လည်းကောင်း၊ တည်းခိုနေရာများတွင် လည်းကောင်း နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုင်ဆောင်ပြသနိုင်ရေး အသိပေးနှိုးဆော်မှုကို ယမန်နေ့ညနေ ၄ နာရီခွဲ အချိန်မှစ၍ မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွနေရာများတွင် အသိပေးလှည့်လည်နှိုးဆော်ခဲ့သည်။
အုတ်တွင်းမြို့နယ်တွင်အ​ခြေခံ အေရိုးဗစ်သင်တန်း အခမဲ့ဖွင့် လှစ်သင်ကြားပေး
Apr 02,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အားကစားနှင့်ကာယ ပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ချိန် ကာလတွင်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကိုယ်ခန္ဓာ ကျန်းမာကြံ့ခိုင်စေရန်အတွက် ရည်ရွယ်ကာ နွေရာသီ အ​ခြေခံအေရိုးဗစ် သင်တန်းအခမဲ့ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ရာ သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊လူထု အခြေပြုဗဟိုဌာနCommunity  Centre ခန်းမတွင်  ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။
စမ်းချောင်းမြို့နယ်တွင် အသက်(၁၈)နှစ်နှင့်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ၆ လပြည့်ပြီးသူများအား Booster ဆေးဆက်လက်ထိုးနှံပေး
Apr 02,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း /တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်းအတွင်းတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က covishield phase 7 (ဒုတိယ) အကြိမ်ထိုးနှံသူ (၂၂)  ဦး၊ covishield phase 8 (ပထမ)  အကြိမ်ထိုးနှံသူ (၃၃) ဦးနှင့် Boosterဆေးထိုးနှံသူ (၁၃၂) ဦး စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံသူ(၁၈၇) ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သည့် စာရေးကိရိယာများ အခမဲ့ဖြန့်ဝေ
Apr 02,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် (အ.ထ.က)ကျောင်းတွင် ၂၀၂၁-၂၀၂၂ ခုနှစ်၊ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအတွက် လိုအပ်သော စာရေးကိရိယာများအား အလွယ်တကူအသုံးပြုနိုင်ရန် အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ (အ.ထ.က)ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့သည်။
မြစ်ကြီးနားမြို့၌ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Apr 02,2022
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ ယမန်နေ့မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မနောရွှေပြည်ခန်းမ၌ လုပ်ငန်းညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့သည်။
လမိုင်းမြို့တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့်ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ် ဆေးထိုးနှံတိုက်ကျွေး
Apr 02,2022
မွန်ပြည်နယ် မော်လမြိုင်ခရိုင် လမိုင်းမြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးကင်း စမှအသက်(၁)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်(၉)နာရီက လမိုင်းမြို့ကျေးလက်ကျန်းမာရေး ဦးစီး ဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မူဆယ်မြို့ Community Centre ခန်းမ၌ အခြေခံမိုဘိုင်းဖုန်း အသုံးပြုနည်းသင်တန်းဖွင့်လှစ်
Apr 02,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ အခြေခံမိုဘိုင်းဖုန်း ပြုပြင်နည်းသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
မြိတ်မြို့တွင် မြန်မာ့ရိုးရာမဟာသင်္ကြန် ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်နှင့်အတူ သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက်ကျင်းပမည်
Apr 02,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို  မဟာသင်္ကြန် ဖျော်ဖြေရေး၊ ရေကစားမဏ္ဍပ်နှင့်အတူ သင်္ကြန်ပွဲတော်ကို အစဉ်အလာမပျက် အေးချမ်းပျော်ရွင်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။