နတ်မောက်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ဖြေဆို

နတ်မောက် ဧပြီ ၆

၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်မှစတင်၍ မြန်မာတစ်နိုင်ငံလုံး၌ တစ်ပြိုင်တည်း စတင်ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ယနေ့နံနက် ၉ နာရီတွင် ဇီဝဗေဒဘာသာရပ်(၈၃.၂၀)ရာခိုင်နှုန်းနှင့် ဘောဂဗေဒဘာသာရပ်(၇၆.၂၇) ရာခိုင်နှုန်း ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ယနေ့ဖြေဆိုမှုအနေဖြင့် နတ်မောက်မြို့နယ်အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဇီဝဗေဒဘာသာရပ် ဖြေဆိုနေသည့် ကျောင်းသား/သူစာရင်းရှိ (၁၂၅)ဦးမှ ဖြေဆိုသည့် ကျောင်းသား (၃၈)ဦးနှင့် ကျောင်းသူ(၆၆)ဦး၊ စုစုပေါင်း(၁၀၄) ဦးရှိရာ ပျက်ကွက်သူ(၂၁)ဦးအထိရှိရာ ဇီဝဗေဒဘာသာရပ် ဖြေဆိုမှုရာခိုင်နှုန်းမှာ(၈၃.၂၀) ရာခိုင်နှုန်းအထိရှိပြီး ဘောဂဗေဒဘာသာရပ်တွင် ဖြေဆိုနေသည့် ကျောင်းသား/သူ စာရင်းရှိ( ၄၅၁)ဦးမှ ဖြေဆိုနေသည့် ကျောင်းသား(၁၂၉)ဦးနှင့် ကျောင်းသူ(၂၁၅)ဦး၊ စုစုပေါင်း(၃၄၄)ဦးရှိပြီး ပျက်ကွက်သူ(၁၀၇)ဦးရှိရာ ဘောဂဗေဒဘာသာရပ် ဖြေဆိုမှုရာခိုင်နှုန်းမှာ ( ၇၆.၂၇)ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။

လှဝင်း