ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူး၍ သက်ကြီးပူဇော်ပွဲ ကျင်းပ

ထန်းတပင်(ပဲခူး) ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ကြီးမှူး၍ သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က ထန်းတပင်မြို့ သီရိမင်္ဂလာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးသည်။ ယင်းနောက် သက်ကြီး အဘိုး၊ အဘွားများအား ကန်တော့ချိုးဖြင့် လက်အုပ်ချီမိုးရှိခိုး ကန်တော့ပြီး (၈၅)နှစ်အထက် သက်ကြီး အဘိုး အဘွား (၆၃)ဦးတို့အား အလှူငွေ (၉၄၅၀၀၀)ကျပ်၊ လှူဖွယ်ပစ္စည်းနှင့် ထမင်းဗူး အပါအ၀င် စုစုပေါင်းငွေကျပ် (၁၃)သိန်း လှူဒါန်း ကန်တော့ခဲ့ကြပြီး မတက်ရောက်နိုင်သူများကို အိမ်အရောက် သွားရောက်ကန်တော့မည် ဖြစ်ကြောင်း မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)