အထက်မင်းလှ ဧပြီ ၂၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် Grade-5 သင်ရိုးသစ် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ Grade-5 သင်ရိုးသစ် နည်းပြသင်တန်းအား အွန်လိုင်းစနစ်ဖြင့် သင်တန်းပို့ချခြင်းကို မင်းလှ မြို့နယ်အတွင်းရှိ ဆရာ/ဆရာမ(၅၃)ဦး တက်ရောက်ကာ သင်တန်းချိန်မှာ နံနက်(၉)နာရီမှ ညနေ(၄)နာရီထိဖြစ်ပြီး သင်တန်းကာလမှာ ၂၀-၄-၂၀၂၂ ရက်နေ့မှ ၂၅-၄-၂၀၂၂ ရက်နေ့ထိ (၆)ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)