ထားဝယ်မြို့ရှိ ကုန်တိုက်နှင့် ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် လူသုံးကုန်/ အလှကုန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ကြည်ရှုစစ်ဆေး

ထားဝယ် ဧပြီ ၂

တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့သည် ထားဝယ်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယနေ့နံနက် ပိုင်းတွင် ထားဝယ်မြို့ရှိ ကုန်တိုက်နှင့် ကုန်စုံဆိုင်များတွင် အစားအသောက်နှင့် လူသုံးကုန်/ အလှကုန် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တရားမဝင် Online ကြေညာချက်များ စောင့်ကြည့်​ရေးအဖွဲ့မှတင်​ပြထားသောပစ္စည်းများ ရောင်းချ​မှု ရှိ/မရှိ ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့နောက် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးမှူး ဒေါ်မေသန်းနိုင် ဦးဆောင်သော ပူးပေါင်းအဖွဲ့များက ထားဝယ်မြို့ရှိ DDPC  ကုန်တိုက်၊ စရဏ၊ AAA၊ ဆန်းသစ်၊ အလှသစ်၊ ခိုင်ခိုင်နှင့် အောင်ကုန်စုံဆိုင် (၇) ဆိုင်တွင် တရားမဝင် Online ကြေညာချက်များ၊ စောင့်ကြည့်​ရေးအဖွဲ့မှ တင်​ပြထားသော ပစ္စည်းများနှင့် ကုန်ပစ္စည်းများ ရောင်းဝယ်မှု မရှိစေရေးအတွက် ဆိုင်ပိုင်ရှင်နှင့် တာဝန်ခံများအား ခံဝန်ထိုးစေပြီးဆိုင်များတွင် သက်တမ်းလွန်၊ တရားမဝင် အစားအသောက်များ ရောင်းချမှု ရှိ/မရှိ ကြည်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆိုင်များတွင် စားအသောက် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆိုင်ရှင်များနှင့် ဈေးဝယ် သူများအား ကျန်းမာရေးထိခိုက်စေသည့် ဆိုးဆေးနှင့် တာရှည်ခံဓာတုဆေးများ၊ အန္တရာယ်ကင်းသော အစားအစာရရှိရေးအတွက်  အဓိကဆောင်ရွက်ရမည့် အချက် ၅ ချက်ပါဝင်သည့် လက်ကမ်းစာစောင် များ ဖြန့်ဝေပေးခဲ့ပြီး ဆိုင်များမှမက်မွန်သီးနှင့် မရမ်းယိုအစားအ​သောက် နမူနာ (၂) မျိုးအား FDA (တိုင်းရုံး) တွင် ခွင့်မပြုဆိုးဆေးများ ပါဝင်​ခြင်း ရှိ/မရှိ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ရွှေပင်လယ် (ထားဝယ်)