မိုင်းလုံ ဧပြီ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးဝန်ထမ်းများက ကျောင်းသား/ ကျောင်းသူများနှင့် ကလေးငယ်များကို အသိပညာဗဟုသုတတိုးပွါးစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ပြည်သူ့စာကြည့်တိုက် Pageများတွင် နေ့စဉ်လွှင့်တင်ဆောက်ရွက်ပေးလျက်ရှိပါသည်။
ယနေ့မှာတော့ ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များကို ပုံပြင်များ ကလေးဘဝ တည်းက စိတ်တွင်စွဲထင်ကျန်ရစ်နေစေရန်၊ ပေါင်းသင်းဆက်ဆံရေးတွင် အဆင်ပြေစေရန်၊ ကူညီတက်သောစိတ်ထားရှိစေရန်၊ စာအုပ်စာပေနှင့်အမြဲထိတွေ့စေရန်၊ ယဉ်ကျေးလိမ္မာသော သားသမီးများဖြစ်စေရန် ရည်ရွယ်၍ တအောစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည့် "မိတ်ဆွေငါးဦး" စာအုပ်ဖြင့် ပုံပြင်ပြောဆိုခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
ကိုဗစ်ကာလအတွင်း စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေဝါသနာရှင်များအတွက် အသိပညာဗဟုသုတတိုးပွါးစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါးမိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)