မချမ်းဘောမြို့၌ (၇၆)နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အကျိုးပြု သန့်ရှင်းရေးဆောင်ရွက်

မချမ်းဘော မေ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ယနေ့ကျရောက်မည့် ( ၇၆) နှစ်မြောက် မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်  အကျိုးပြု သန့်ရှင်းရေး ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ဆေးရုံ၀င်း၌ ယမန်နေ့နံနက် ၁၀နာရီ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကျိုးပြုလုပ်ငန်းဆောင်ရွက်ရာ ဆေးရုံတွင်‌ဆေးဝါးကုသခံယူ‌နေသည့် ပြည်သူများ စိတ်အေးချမ်းစွာ ကုသမှုခံယူနိုင်စေရန် မြို့နယ်မီးသတ်တပ်ဖွဲ့က မြက်ရိတ်စက်၊ ဓား၊ ပေါက်တူး၊ ပေါက်ပြားတို့ဖြင့် ပန်းပင်များ ပေါင်းသင်ခြင်း၊ ရှင်းလင်းခြင်း မြက်ခုတ်ရှင်းခြင်း၊ ရေမြောင်း ရှင်းလင်းခြင်းနှင့် သစ်ပင်ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းများကို‌ ဆောင်ရွက်ခဲ့‌ ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)