လမ်းမတော်မြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် လမ်းဘေးပျံကျ ဈေးဆိုင်ပစ္စည်းများ ရှင်းလင်း ဆောင်ရွက်

လမ်းမတော် မေ ၅

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်အတွင်း သန့်ရှင်းသာယာ လှပစေရေး၊ မြို့တော်အင်္ဂါရပ် နှင့်အညီ တင့်တယ် လှပစေရေးတို့အတွက် ယာယီမော်တင်ဈေးရပ်ကွက်  ဥပစာလမ်း (ကမ်းနားဆိပ်) ရှိကုန်တင် / ကုန်ချ ဆိပ်ခံဘောတံတား ဝဲ / ယာရှိ အမြင် မသင့်တယ်သည့် လမ်း‌ဘေးပျံကျ‌ ဈေးဆိုင်ပစ္စည်းများနှင့် အမှိုက်များရှင်းလင်း / ဆောင်ရွက်ခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် () နာရီခွဲအချိန်ခန့်က ကမ်းနားဆိပ် တစ်‌လျောက်ပြုလုပ်ခဲ့သည်။

အဆိုပါ ရှင်းလင်းဆောင်ရွက်ရာတွင်၊ လမ်းမတော်မြို့နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးသက်နောင်ဖြူနှင့် ဝန်ထမ်းများ၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မန်နေဂျာ ဦးကျော်ဇင်ဦးနှင့် ဝန်ထမ်းများ၊ လမ်းမတော်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမြင့်သိန်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကမ်းနားဆိပ် ဝဲ / ယာ တစ်လျောက် အမြင်မသင့်တယ်သည့် လမ်းဘေးပျံကျ ဈေးဆိုင်ပစ္စည်များနှင့် အမှိုက်များ အား ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်ဆန်းမြင့်