စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၂-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားတက်ရောက်

မုံရွာ မေ ၈

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြိးမှူးကျင်းပသော ၂၀၂၂-ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ စာအောင် သံဃာတော်များနှင့် သီလရှင်ဆရာများအား စာအောင်ဆုနှင့် အောင်လက်မှတ်များ ဆက်ကပ်လှူဒါန်းခြင်း၊ စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို မေလ(၆) ရက်နေ့ ညနေပိုင်းတွင် မုံရွာမြို့၊ ရွှေစည်းခုံစေတီတော်မြတ်ကြီးရှိ သာသနာ့ဗိမာန်တော် ကြီးတွင် ကျင်းပရာ အခမ်အနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့်ဇနီးများ၊  တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာန ဆိုင်ရာများနှင့် ဝန်ထမ်းများ၊ မြို့မိမြို့ဖ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန့်တော့၍ အခမ်းအနားအား ဖွင့်လှစ်ကြပြီး နိုင်ငံတော်သြဝါဒါစရိယ၊ မုံရွာမြို့၊ ဓမ္မာပါရဂူကျောင်းတိုက် ဦးစီးပဓာနနာယက၊ အဘိဓဇ မဟာရဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအရိယာလင်္ကာရ ဆရာတော်ကြီး ထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သက်များက ငါးပါးသီလံ ယူဆောက်တည်ကြသည်။

ဆက်လက်၍ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များထံတော်မှ ပရိတ်တရားတော်များ နာယူ ကြည်ညိုကာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက ပင့်သံဃာ ဆရာတော်ကြီးများအား လှူဘွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ဓမ္မာစရိယ စာမေးပွဲအောင် ဆရာတော် - ၃ ပါးတို့အား စာအောင်လက်မှတ်နှင့် ဝတ္တုငွေများအား လည်း

 

ကောင်း၊  တိုင်းဒေသကြီး တရားသူကြီးချုပ် ဦးဇော်ထူးက ပထမကြီးတန်း စာမေးပွဲအောင် ဆရာ‌တော်များအား စာအောင်လက်မှတ်နှင့် ဝတ္တုငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက ပထမလတ်တန်း စာမေးပွဲ အောင် ဆရာတော်များအား စာအောင်လက်မှတ်နှင့် ဝတ္တုငွေများအား လည်းကောင်း၊ တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီး ဦးတင်သန်းဝင်းက ပထမငယ်တန်း စာမေးပွဲအောင် ဆရာတော်များအား စာအောင် လက်မှတ်နှင့် ဝတ္တုငွေများအားလည်းကောင်း အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး ကျော်ထွန်း၊၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တာဝန်ရှိသူများက အခြေပြု မူလတန်း စာမေးပွဲအောင် ဆရာတော်များအား စာအောင်လက်မှတ်နှင့် ဝတ္တုငွေများအား လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး စီးပွားရေးရာ ဝန်ကြီး ဒေါ်ရီရီသန်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဒေါ်လှလှဝင်းနှင့် တာဝန်ရှိသူများက ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မှု ခဲ့ကြသော သီလရှင်ဆရာများအား စာအောင်လက်မှတ်နှင့် ဝတ္တုငွေများအား လည်းကောင်း အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် မုံရွာမြို့၊ မဟာဇေတိကာရာမကျောင်းတိုက်၊ တိုက်အုပ်နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇောဒယ ဆရာတော်ကြီးထံတော်မှ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက အနုမောဒနာတရား နာယူကြည်ညိုပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံ တိဌတု  (၃) ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်း ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားအပြီးတွင် ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ လောင်းလှူပွဲကို  အဆိုပါဓမ္မာရုံဝန်းအတွင်း၌ ကျင်းပ ပြုလုပ်ရာ စာအောင်သံဃာတော်များနှင့် သီလရှင် ဆရာများအား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများက ဝတ္တုငွေ၊ ဆွမ်းဆန်စိမ်းများနှင့် လှူဘွယ်ပစ္စည်းများ အသီးသီး ဆက်ကပ်လောင်းလှူ ခဲ့ကြသည်။

၂၀၂၂-ခုနှစ်၊ မုံရွာခရိုင်အတွင်းရှိ မုံရွာမြို့နယ်၊ ချောင်းဦးမြို့နယ်၊ ဘုတလင်မြို့နယ်နှင့် အရာတော်မြို့နယ်များမှ အစိုးရဓမ္မာ စရိယနှင့် ပါဠိပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မှုခဲ့ကြသော ဓမ္မာစရိယစာမေးပွဲအောင် -၃ ပါး၊ ပထမကြီးတန်း စာမေးပွဲ အောင် -၂၇ ပါး၊ ပထမ လတ်တန်း စာမေးပွဲအောင် -၂၂ ပါး၊ ပထမငယ်တန်း စာမေးပွဲအောင် -၃၄ ပါး၊ အခြေပြုမူလ တန်း စာမေးပွဲအောင် -၉၂ ပါး၊ စုစုပေါင်း -၁၇၈ ပါးတို့အား တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ စုစုပေါင်း လှူဒါန်းငွေကျပ်- ၁၅၉၃၂၁၅၀ (တစ်ရာငါးဆယ်ကိုးသိန်း သုံးသောင်း နှစ်ထောင်တစ်ရာ့ငါးဆယ်ကျပ်) ဆက်ကပ်လှူဒါန်း ခဲ့ကြောင်းသိရသည်။

မေလ(၇)ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ ကန်သာယာကန်ဝန်းကျင်နှင့် မြို့ရာပြည့် စေတီတော်တို့အား သန့်ရှင်းသာယာသပ်ရပ်စေရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမူရေးအသင်း အဖွဲ့ဝင်များ၊ ပြည်သူများ ပူးပေါင်း၍  စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေကြသူ များအား စားသောက်ဖွယ်ရာများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး၊ ပြန်/ဆက်