သတင်းများ

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား ကျင်းပ
Aug 13,2025
ငါးလုပ်ငန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ လှော်ကားငါးလုပ်ငန်းစခန်းနှင့်‌ လေးထောင့်ကန်ငါးလုပ်ငန်းစခန်းတို့မှ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် မအူချောင်းအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ခဲ့သည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်
Aug 13,2025
မကွေးတိုင်းဒေသကြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ မြို့နယ်စုပေါင်းရုံးခန်းမ၌ကျင်းပရာ မကွေးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးအားကစားအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူငယ်မောင်မယ်များနှင့် ဆုရကျောင်းသား/ ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
ကလေးဝမြို့တွင် သောက်ရေသန့်ထုတ်စက်ရုံများအား ကွင်းဆင်းစစ်ဆေး
Aug 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့တွင် သောက်ရေသန့်ထုတ်စက်ရုံများအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲအခမ်းအနားပြုလုပ်
Aug 13,2025
အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် အိမ်တွင်းအကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းများ ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ် အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့် မဟာမုနိဘုရားကြီး သာသနာ ၂၅၀၀ ဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရန် ပန္နက်တော်တင်  
Aug 13,2025
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးပြိုကျခဲ့သည့်  မဟာမုနိဘုရားကြီးပရိဝုဏ်ရှိ သာသနာ ၂၅၀၀ ဗိမာန်တော်ကြီးအား အသစ်ပြန်လည်တည်ဆောက်ခြင်းအတွက် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ဩဂုတ်၁၂ရက် နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီး တည်နေရာတွင် ကျင်းပသည်။
ကလောမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်
Aug 13,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မြို့မပရိယတ္တိစာသင်တိုက်၊ ဆွမ်းစားကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်သူ့စစ်မှုထမ်း ဥပဒေအကြောင်းအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိနိုင်စေရန်ရည်ရွယ်၍ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့‌ရာ အမှတ်(၅)ရပ်ကွက်‌နေ ပြည်သူများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။
ရေဦးမြို့နယ်တွင် အမျိုးသမီးကိုယ်လုံပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Aug 13,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီက ကိုယ်လုံပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်၌ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်‌ပေးခြင်း လုပ်ငန်းများက ကွင်းဆင်းဆောင်ရွက်
Aug 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦး‌ရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများကို သြဂုတ် ၁၁ ရက်နေ့ နံနက်(၁ဝ)နာရီ၌ ကစင်ကျေးရွာအုပ်စု၊ ရေဥက္ကံကျေးရွာအုပ်စုနှင့် ရှမ်းချောင်း‌ကျေးရွာအုပ်စု၊ အုပ်ချုပ်‌ရေးမှူးရုံးတို့တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။