ဇမ္ဗူသီရိမြို့နယ်၌ စာရေးဆရာအသင်း ကိုယ်စားလှယ် ရွေးချယ်ပွဲ အခမ်းအနားကျင်းပ

ဇမ္ဗူသီရိ မေ ၃၀

ဇမ္ဗူသီရိမြို့နယ်၌ စာရေးဆရာအသင်း ကိုယ်စားလှယ် ရွေးချယ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သဘာပတိအဖြစ် စာရေးဆရာ ဦးကျော်ကျော်စိုး (ရွှေပြည်စိုး-မိုးကုတ်)က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းဌေးက အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး ဦးမောင်မောင်တာ (ညွှန်ကြားရေးမှူး-ငြိမ်း)က တတိယအကြိမ် ဇမ္ဗူသီရိမြို့နယ်စာရေးဆရာအသင်း ဘဏ္ဍာငွေရှင်းတမ်းနှင့် အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ်ရေးဆိုင်ရာ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်း လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ကိုယ်စားလှယ်များအား  အသီးသီးရွေးချယ်ခဲ့ကြောင်း သိရသည်။

တင့်ဖူးခိုင်(ပြန်/ဆက်)