သတင်းများ

ရှမ်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်‌ဆွေ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း/ တံတား၊ ရေ‌‌ပေးရေးနှင့် အခြားလုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲ တက်ရောက်
May 31,2026
ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု/ ပြည်နယ် ခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း/တံတား၊ ရေပေးရေးနှင့် အခြားလုပ်ငန်းများအတွက် တင်ဒါဖွင့်ပွဲအခမ်းအနားကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ  ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက်ပိုင်းကကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်‌ဆွေ၊ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစီးမှူး ဦးမောင်မောင်ဝင်းနှင့် ဝန်ထမ်းများ၊ ပုဂ္ဂလိကကုမ္ပဏီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရက် (၁၀၀) စီမံချက်ဖြင့် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ အလုံမြို့နယ်၌ ကွင်းဆင်းဆောင်ရွက်
May 31,2026
အလုံမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၏ လမ်းညွှန်မှုဖြင့် ဌာနာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ကွင်းဆင်း၍ ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
လယ်ဝေးမြို့နယ်၌ ၂ဝ၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2026
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ၂၀၂၆-၂၀၂၇ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။
ပင်းတယမြို့နယ်၊ တောင်ပေါ်ကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများလက်ဝယ်ထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနား‎ကျင်းပ      
May 30,2026
‎ရှမ်းပြည်နယ် တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တောင်ပေါ်ကြီး ကျေးရွာအုပ်စု၊ ထင်ရှူးကုန်း‌ဘုန်းတော်ကြီးကျောင်းတွင် မေလ  ၂၉ ရက်နေ့က ပင်းတယမြို့နယ် မြေစာရင်းဦးစီးဌာနမှ ဆောင်ရွက်ပေးသည့်တောင်ပေါ်ကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများလက်ဝယ်ထံသို့ လယ်ယာ မြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ (၇) ပေးအပ်ပွဲအခမ်းအနားကို ကျင်းပခဲ့ ကြောင်းသိရသည်။
နတ်တလင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 30,2026
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင် နတ်တလင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် (၉)နာရီက နတ်တလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
မိုးညှင်းမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများအား လူကုန်ကူးမှုနှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာအသိပညာပေး ဟောပြော
May 30,2026
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးဝန်ထမ်းများအား လူကုန်ကူးမှုဆိုင်ရာနှင့် အွန်လိုင်းလိမ်လည်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နမ့်စန်တွင်မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပ
May 30,2026
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျင်းပခဲ့သည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် "ဒေသအဆင့်ကျောင်းအပ်နှံရေးနေ့" အခမ်းအနားသို့ တက်ရောက်
May 30,2026
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ "ဒေသအဆင့် ကျောင်းအပ်နှံရေးနေ့" အခမ်းအနားကို မေလ ၂၉ ရက်နေ့ နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ကြိုသက်) တွင် ကျင်းပသည်။