သတင်းများ

ပလောက်မြို့ အခြေခံပညာမူလတန်းကျောင်း၌ ပုံပြင်များပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်‌
Aug 13,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့ အမှတ်(၃)ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ဩဂုတ် ၁၂ ရက်က ကလေး စာပေစာအုပ်၊ စာစောင်များ ခင်းကျင်းပေးကာ မိမိနှစ်သက်ရာ စိတ်ကြိုက်ရွေးချယ်ဖတ်ရှုလေ့လာစေခြင်း၊ ကလေးစာပေများမှ အသိပညာပေး ပုံပြင်များပြောခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်‌ပေးခဲ့ကြသည်။
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲ လွိုင်ကော်တွင် ကျင်းပ
Aug 13,2025
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားတက်ရောက်
Aug 13,2025
“လူငယ်စွမ်းအားမှသည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ဆီသို့”စသည့်ဆောင်ပုဒ်နှင့်အညီ”၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့" အခမ်းအနားကို ဩဂုတ် ၁၂ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ မြို့တော် ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီအနေဖြင့်ဆယ်ကျော်သက်လူငယ်များကျန်းမာကြံ့ခိုင်ရေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ လူ့ကျင့်ဝတ်၊ လူ့တန်ဖိုးနှင့် ပြည်ထောင်စုစိတ်ဓာတ်များရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲများ လူငယ်စကားဝိုင်းများကို နိုင်ငံတစ်ဝန်းကျင်းပပေးလျက်ရှိသကဲ့သို့ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် နည်းပညာပေးသင်တန်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလျှက်ရှိကြောင်း ပြောကြားသည်။
ကရင်ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများပေးနိုင်ရေး၊ ခြေတုလက်တုနှင့် ရှေးဦးပြုစုခြင်းဆိုင်ရာသင်တန်းများဖွင့်လှစ်ပေးရေးဆွေးနွေး
Aug 13,2025
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC) ဌာနေကိုယ်စားလှယ် Mr.Arnaud de Baecque နှင့်အဖွဲ့ အား ပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ညောင်လေးပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်
Aug 13,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ က လေးသူငယ်များအား စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရေး၊ အသိပညာဗဟုသုတများရရှိစေရေးနှင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် စာဖတ်ရှိန်မြှင့်တင်ရေး၊ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က အ.လ.က(ခွဲ) တပ်မ တော်ရပ်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားတက်ရောက်
Aug 12,2025
အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက် နောင်အနာဂတ်ခေါင်းဆောင် ဖြစ်လာမည့် လူငယ်မျိုးဆက်သစ်များသည် တစ်ခေတ်ထက်တစ်ခေတ် ပိုမိုထူးချွန်ထက်မြက်စွာဖြင့် တွေ့ကြုံရမည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် လွန်စွာအရေးကြီးကြောင်း၊  လူငယ်များ ဘက်စုံထူးချွန်ပြီး အတတ်ပညာရှင် အသိပညာရှင်များ ထွက်ပေါ်လာစေရေး၊ ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရေးနှင့် မှန်ကန်သော လမ်းကြောင်းပေါ်ကို ရောက်ရှိစေပြီး နိုင်ငံတော်ကို အကျိုးပြုစေမည့် နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရေးအတွက်  လူငယ်ရေးရာမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်းပြောကြားသည်။
၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အခမ်းအနား လွိုင်ကော်တွင် ကျင်းပ
Aug 12,2025
၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြည်နယ်လူငယ်ရေးရာကော်မတီဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင်ထူးချွန်စွာအောင်မြင်ခဲ့ကြသူများအား ဂုဏ်ပြုချီးမြှင့်
Aug 12,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ခဲ့ကြသည့် တနင်္သာရီတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီး၊ ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအနေဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ကျောင်းသား၊ကျောင်းသူ၄၅၄၁ဦးဝင်ရောက်ဖြေဆိုခဲ့ရာ၂၂၉၇ဦးအောင်မြင်ခဲ့ပြီး အောင်ချက် ရာခိုင်နှုန်း အားဖြင့်၅၀ ဒသမ ၅၈ ရာခိုင်နှုန်းရှိကာ တစ်နိုင်ငံလုံးအောင်ချက်အဆင့်(၅)ရရှိခဲ့ကြောင်း၊ ပညာသည်သာလျှင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးသော ရေသောက်မြစ်တစ်ခု ဖြစ်ကြောင်း ပြောကြားသည်။