မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း သထုံမြို့ အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေးတပ်၌ ကျင်းပပြုလုပ်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) သင်တန်းဆင်းပွဲအခမ်းအနား တက်ရောက်
May 30,2026
မွန်ပြည်နယ် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၃) သင်တန်းဆင်းပွဲအခမ်းအနားကို မေလ (၂၉) ရက်နေ့ နံနက်ပိုင်းက သထုံမြို့နယ်၊ အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေးတပ်၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဌေးလွင်ဦး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ အတွင်းရေးမှူး၊ ပြည်နယ်အုပ်ရေးမှူး ဦးဥာဏ်လင်းထွေး၊ ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ် (၉) စစ်အခြေခံလေ့ကျင့်ရေးတပ်မှ အရာရှိအရာခံများ၊ ပြည်သူ့စစ်မှုထမ်းသင်တန်းသားများနှင့် ၄င်းတို့၏ မိဘဆွေမျိုးမောင်နှမများ တက်ရောက်သည်။