သတင်းများ

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ MSME Association အသင်းသူ၊ အသင်းသားများ၏ သားသမီးများမှ Grade-12 ထူးချွန်စွာ အောင်မြင်သူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားတက်ရောက်
Aug 13,2025
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ MSME Association အသင်းသူ၊ အသင်းသားများ၏ သားသမီးများမှ Grade-12 အောင်မြင်/ဂုဏ်ထူးဖြင့် အောင်မြင်သူ ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်းအခမ်းအနားနှင့် MSME Association (Naypyitaw) တွင် လစ်လပ်ရာထူးနေရာများအား ပြန်လည်ခန့်အပ်နိုင်‌ရေးအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ Mandalay Paradise ၊ တော်ဝင်ခန်းမ၌ ကျင်းပရာ နေပြည်တော် အသေးစားနှင့် အလတ်စား စက်မှုဇုန်ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော် MSME Associationအသင်း နာယက ဦးကျော်စွာဝင်းနှင့် အသင်းဥက္ကဋ္ဌ ဦးသူရိန်၊ MSME လုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများနှင့် မိဘများတက်ရောက်သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း တရားမဝင် မိုဘိုင်းလ်ဆင်းမ်ကတ်များ ရောင်းချမှုမရှိစေရေး စစ်ဆေးဆောင်ရွက်
Aug 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း တရားမဝင် မိုဘိုင်းလ်ဖုန်းဆင်းမ်ကတ်များ ရောင်းချခြင်းမရှိစေရေးကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ပန်းဘဲတန်းမြို့နယ် "မြတ်လေး" သမဝါယမအသင်းအရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ
Aug 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၊ "မြတ်လေး" သမဝါယမအသင်းလီမိတက်၏ (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဩဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းက ပန်းဘဲတန်းမြို့နယ်၊ သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်တာဝန်ရှိသူများ ဟင်္သာတမြို့နယ်အတွင်း ကျေးရွာများရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း၊ ကမ်းထိန်းလုပ်ငန်းဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 13,2025
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်စန်းချစ်၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး  ဦးစောလင်းခယ်နှင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ဖောင်ဆိပ်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး ဖောင်ဆိပ်ကျေးရွာတွင် ကျေးရွာများရေတိုက်စားမှုကာကွယ်ရေးလုပ်ငန်း၊ ကမ်းထိန်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းကြည်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ငလျင်ဘေးပြန်လည်တည်ဆောက်ရေးလုပ်ငန်းများနှင့် သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Aug 13,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗစ်ရှင်းဗဟိုဌာန(၁)သို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့မှုများအား ပြန်လည်ပြုပြင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ တင်ပြချက်များအပေါ် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးပစ္စည်းများ အမြန်ရောက်ရှိစေရေးနှင့် ဆယ်တင်ပစ္စည်းများအား စနစ်တကျပြန်လည်အသုံးပြုရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့သည်။
ကမာရွတ်မြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျ တိုက်ကျွေးရေး အသိပညာပေးဟောပြော
Aug 13,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဆောင်ရွက်သည့် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမှု ကိုယ်ဝန်ဆောင်မိခင်များအား မိခင်နို့စနစ်တကျတိုက်ကျွေးရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရပ်စောက်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်နှင့် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ
Aug 13,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက်နှင့် အသက်(၁၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ယမန်နေ့နေ့မွန်းလွဲ ၁ နာရီက မြို့နယ်အားကစားကွင်း၌ ကျင်းပသည်။