သတင်းများ

လက်ပံတန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ ဆောင်ရွက်
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းများကို ယနေ့မှ ဇွန်လ ၁ ရက်နေ့အထိ အခမဲ့ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
မရမ်းကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ​ကျောင်းအပ်နှံ​ရေးအခမ်းအနား ကျင်းပ
May 26,2022
ကျောင်း​နေအရွယ်က​လေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ​ကျောင်းအပ်နှံကြပါဆို့” ​ဆောင်ပုဒ်နှင့်အညီ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာ ထက်၊ လယ်၊ မူ၊ ကိုယ်ပိုင်၊ ဘက​ကျောင်းများ ​ကျောင်းအပ်နှံ​ရေးအခမ်းအနားအား
ပဲခူးမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ စတင်လက်ခံဆောင်ရွက်
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ အခြေခံပညာကျောင်း အသီးသီး၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၆ ရက်မှစ၍ ကျောင်းအပ်နှံရေး လုပ်ငန်းစဉ်များ စတင်လက်ခံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၂ နာရီအချိန်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင်ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ပေါက်ခေါင်းမြို့နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် မြို့နယ်ဆင့်ဌာနဆိုင်ရာများ အစည်းအဝေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် သဘာဝဘေးဖြစ်ပွားမှုများအပေါ် ကြိုတင်ပြင်ဆင်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ
May 26,2022
မိတ္ထီလာမြို့နယ်တွင် သဘာဝဘေးဖြစ်ပွးမှုများအပေါ် ထောက်ပံ့ထားရှိမှုနှင့် လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေးအတွက် ထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး Booster ကွင်းဆင်းထိုးနှံ​ပေး
May 26,2022
ရန်ကုန်အ​နောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေးအတွက် ဦးတည်အုပ်စုများအလိုက် ကွင်းဆင်းထိုးနှံခြင်းကို ​ဆောင်ရွက်လျက်ရှိရာ ယမန်​​နေ့တွင် ​အောက်ကြည့် မြင်တိုင် လမ်း​​ပေါ်ရှိ ရန်ကုန်တိုင်း​ဒေသကြီး လျှပ်စစ်ဓာတ်အား​ပေး​ကော်ပို​ရေးရှင်းမှ ဝန်ထမ်းများအား ကွင်းဆင်းထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။