မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၂ နာရီအချိန်က အဆိုပါသင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင်ကျင်းပခဲ့ရာ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့်မူလတန်းတို့တွင်တက်ရောက်မည့် ကျောင်းသားကျောင်းသူများအား ပညာသင်ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ကျောင်းသားကျောင်းသူများကိုယ်စား ကျောင်းသူ မယဉ်ငြိမ်းခမ်းက ကျေးဇူးတင် စကားပြောကြားခဲ့သည်။

မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းမှ ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် တက္ကသိုလ်၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းတို့ တက်ရောက်မည့် ကျောင်းသား/ကျောင်းသူ ၁၀၃ ဦးအတွက် ပညာသင်ထောက်ပံ့ငွေ ကျပ် ၂၁၃၀၀၀၀ တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)