မရမ်းကုန်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ​ကျောင်းအပ်နှံ​ရေးအခမ်းအနား ကျင်းပ

မရမ်းကုန်း မေ ၂၆

ကျောင်း​နေအရွယ်က​လေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ကျောင်းအပ်နှံကြပါဆို့” ​ဆောင်ပုဒ်နှင့်အညီ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ် အခြေခံပညာဦးစီးဌာနက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အ​ခြေခံပညာ ထက်၊ လယ်၊ မူ၊ ကိုယ်ပိုင်၊ ဘက​ကျောင်းများကျောင်းအပ်နှံ​ရေးအခမ်းအနားအား ယ​နေ့နံနက် ၉:၀၀ နာရီအချိန်က အမှတ်()အခြေခံပညာ အထက်တန်း​ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်​ရေး​​အဖွဲ့ ဥက္ကဋ္ဌ ဦးတင်​ဇော်​ဇော်​အောင်က အဖွင့်အမှာစကား​ပြောကြားရာတွင် က​လေးများ​​​ကျောင်းလာ​ရောက် အပ်နှံ​ရေးအတွက် နှိုးဆော်မှုများ​ ဆောင်ရွက်ရမည်ဖြစ်​ကြောင်း၊ က​လေးများကျန်းမာ​ပျော်ရွှင်စွာ ပညာသင်ကြားနိုင်​ရေးအတွက်ကျောင်းဖွင့်အမီ ကျောင်းသန့်ရှင်း​ရေးများ​ကို စုပေါင်းဆောင်ရွက်လျက်ရှိပါ​ကြောင်း၊ ဆရာ၊ ဆရာမများအ​နေဖြင့်လည်း အခက်အခဲရှိပါက အချိန်မ​​​ရွေး ဆက်သွယ်အ​ကြောင်းကြားနိုင်ပါ​ကြောင်း အစရှိသည်ဖြင့်​ ပြောကြားပြီး​၊​မြို့နယ်ရဲတပ်ဖွဲ့မှူးက ကျောင်းများ၏ လုံခြုံ​​ရေး​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများအား ရှင်းလင်း​ပြောကြားခဲ့သည်။ ထို့​နောက် ပညာ​ရေးဝန်ကြီးဌာနမှ​ ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ဖြန့်​ဝေ​ပေး​သောကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊​​ဘောပင်နှင့်ခဲတံများအား မြို့နယ်စီမံအုပ်ချုပ်​ရေး​အဖွဲ့ ဥက္ကဋ္ဌက​ပေးအပ်ရာ မြို့နယ်ပညာရေးမှူးမှ လက်ခံရယူပြီး ​ကျေးဇူးတင်စကား ပြန်လည်​ပြောကြားခဲ့​​​သည်။

အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်​​​ရေးမှူးများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် တာဝန်ရှိသူများ တက်​ရောက်ခဲ့ကြ​ကြောင်း သတင်းရှိသည်။

​အေး​အေး​အောင်(ပြန်/ဆက်)