အလုံမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေးအတွက် ထပ်​ဆောင်း ကိုဗစ်-၁၉ ကာကွယ်​ဆေး Booster ကွင်းဆင်းထိုးနှံ​ပေး

အလုံ ​မေ ၂၆

ရန်ကုန်အ​နောင်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ရာနှုန်းပြည့်ထိုးနှံ​ရေးအတွက် ဦးတည်အုပ်စုများအလိုက် ကွင်းဆင်းထိုးနှံခြင်းကိုဆောင်ရွက်လျက်ရှိရာ ယမန်​​နေ့တွင်အောက်ကြည့် မြင်တိုင် လမ်း​​ပေါ်ရှိ ရန်ကုန်တိုင်း​ဒေသကြီး လျှပ်စစ်ဓာတ်အား​ပေး​ကော်ပို​ရေးရှင်းမှ ဝန်ထမ်းများအား ကွင်းဆင်းထိုးနှံ​ပေးခဲ့​ကြောင်း သိရသည်။

ထိုသို့ ကာကွယ်​ဆေးထိုးနှံ​ပေးရာတွင် အသက် ၁၈နှစ်အထက် လျှပ်စစ်ဝန်ထမ်းများ ၃၄၄ ဦးအား ထပ်​ဆောင်း ကာကွယ်​​ဆေး (Booster) အဖြစ် Aztra Zeneca ကာကွယ်​ဆေးကို  ထိုးနှံ​ပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊  ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများ ပူးပေါင်း၍ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အလုံမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်​ဆေး ပထမအကြိမ်ထိုးနှံပြီးသူ (၂၅၇၈၅)ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ (၂၄၇၈၆) ဦးနှင့် Booster ထိုးနှံပြီးသူ (၄၅၄၈))ဦး ရှိပြီဖြစ်ကြောင်း သတင်းရရှိသည်။

တင်တင်ချို