သတင်းများ

ကြို့ပင်ကောက်မြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ်အခမ်းအနားကျင်းပ
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ ကျောင်းနေရွယ်ကလေးတိုင်း ကျောင်းအပ်နှံနိုင်ရေး အထိမ်းအမှတ်အခမ်းအနားကို အ.ထ.က(ပန်းတင်)ကျောင်းတွင် မေလ ၂၆ ရက်နေ့ နံနက်ပိုင်းကကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းသုံးဖတ်စာအုပ်များ အခမဲ့ဖြန့်ဝေ
May 26,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်ပညာရေးမှူးရုံးမှ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ် KG၊Grade-1 မှ Grade-11 အထိ ကျောင်းသုံးဖတ်စာအုပ်များကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ စလင်းမြို့နယ် အခြေခံပညာအမှတ်(၁) အထက်တန်းကျောင်းတွင်းရှိ သုံးထပ်အဆောင်တွင် ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။
မိုင်းကိုင်မြို့နယ်၊၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ
May 26,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့မနက် ၉ နာရီက အ.ထ.က(မြတ်သီရိခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒိုက်ဦးမြို့နယ်တွင် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ
May 26,2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး​နေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီချိန်က အ.ထ.က(၁) ​အောင်ရတနာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းလုပ်ငန်းများစတင်ဆောင်ရွက်
May 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူနိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ယနေ့နံနက်(၉)နာရီကစတင်ပြီး ကျောင်းအပ်လက်ခံခြင်းများဆောင်ရွက်လျက်ရှိပြီး ကျောင်းအပ်နှံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အခကြေးငွေတစ်စုံတစ်ရာကောက်ခံခြင်းမရှိကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်၊ ခဲတံများအပြင် သူငယ်တန်းမှပဉ္စမတန်းအထိ ကျောင်းဝတ်စုံတစ်စုံတို့ကို နိုင်ငံတော်မှအခမဲ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ကန့်ဘလူမြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအား စတင်လက်ခံ
May 26,2022
တစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများ ပုံမှန်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ရာ သက်ဆိုင်ရာ ကျောင်းများအလိုက် အခြေခံပညာသင်ယူနိုင်ရေးအတွက် ကျောင်းသူ၊ ကျောင်းသားများကို စတင်လက်ခံနေပြီ ဖြစ်၍ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများဖြစ်သော အထက(၁)၊ အထက(၂)၊ အထက(ခွဲ)ညောင်အိုင်၊ အလက (၅)၊ အလက( ၁)၊ အမက(၂) မူလွန်ကျောင်းနှင့်အမက(၄) ကျောင်းများတွင် ယနေ့နံနက် ၉ နာရီအချိန်က စတင်လက်ခံလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရန် ပျိုးပင်ပေါင်း နှစ် သောင်းငါးထောင်အား ပျိုးထောင်ဖြန့်ဝေပေး
May 26,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာ ယာလှပစေရန်၊ သစ်တောသစ်ပင်များပြုံးတီးမှုမှ ကာကွယ်နိုင်ရန်နှင့် ဒေသခံပြည်သူများအနေဖြင့် ပျိုးပင်များ အခမဲ့စိုက်ပျိုးနိုင်စေရန်ရည်ရွယ်၌ မြို့နယ်သစ်တောဦးစီးဌာနမှ ပျိုးပင်ပေါင်း (၂၅၀၀၀) ပျိုးထောင်ထားရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်တွင်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးအခမ်းအနားကျင်းပ
May 26,2022
မလှိုင်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက်မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်း (မလှိုင်) ဧရာဝတီခန်းမတွင်ကျင်းပခဲ့ကြောင်းသိရသည်။