ညောင်လေးပင်မြို့နယ်တွင် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်
May 25,2022
သစ်တောသစ်ပင်များ စိမ်းလန်းစိုပြည်စေရေး၊ သစ်တောပြုန်းတီးမှုများ မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းသိမ်းနိုင်ရန် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် သစ်တောဉီးစီးဌာနမှ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်ကို ညောင်လေးပင်မြို့နယ် နဘဲပင်ကျေးရွာအုပ်စု နဘဲပင်နှင့်ဝင်္ဂဘော်ကျေးရွာချင်ဆက်လမ်းဘေးတွင် ယနေ့နံနက်(၈) နာရီ က ကျင်းပခဲ့သည် ။