ကော့ကရိတ် မေ ၂၂
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် “ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” အသိပေးဆိုင်းဘုတ် စိုက်ထူပွဲကို ယနေ့နံနက်(၈:၃၀)နာရီက ကော့ကရိတ်မြို့ အထက-၂ကျောင်းရှေ့တွင် စိုက်ထူခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ“ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့“အသိပေးမြေစိုက် ဆိုင်းဘုတ်အား စိုက်ထူခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးထွန်းဝေနှင့်အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ စိုက်ထူ ခဲ့ကြသည်။
ကော့ကရိတ်မြိုနယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် အခြေခံကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး မေလ(၂၆)ရက်နေ့မှ ဇွန်လ(၁)ရက်နေ့ထိ ကျောင်းအပ်နှံရေးနေ့ ကာလအဖြစ် သတ်မှတ်ကာ ကျောင်းသား ကျောင်းသူများကို စတင်လက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်မျိုးဝင်း