ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျောက်တော်မြို့ရှိ တိုက်ပွဲရှောင်စခန်းများသို့ ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

ကျောက်တော်  မေ  ၂၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်လမ်းညွှန်မှုဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယမန်နေ့နေ့လယ် နာရီအချိန်က တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

အဆိုပါ တိုက်ပွဲရှောင်စခန်းများသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးသူရိန်ထွန်းနှင့် လူမှုဝန်ထမ်းဦးစီဌာ၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်ဇော်တို့သည် မီးရထားဘူတာတိုက်ပွဲရှောင်စခန်းနှင့် သရက်တပင်ကျေးရွာအုပ်စု မဟာမြတ်မုနိဘုရား တိုက်ပွဲရှောင်စခန်းမှ ပြည်သူများအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ရာ မီးရထားဘူတာ တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု (၂၂၂) စုမှ လူဦးရေ (၈၀၀) ဦးတို့အတွက် ဆန်ရိက္ခာ () လစာ ဆန်အိတ် (၂၅၀) အိတ်အားလည်းကောင်း၊ မဟာမြတ်မုနိဓမ္မာရုံ တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု (၄၃၂) စုမှ လူဦးရေ (၁၇၉၉) ဦးတို့အတွက် () လစာအတွက် ဆန်အိတ် (၅၆၂) အိတ်၊ () ပြည် () ဘူးအားလည်းကောင်း သက်ဆိုင်စခန်းတာဝန်ခံများနှင့် တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

ခင်မောင်ထွန်း