မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မဟာအောင်မြေ   မေ   ၂၁

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၁၃) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေနိုင်ရန် အဆိုပါ ကျောင်းဝန်းအတွင်း ယနေ့နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး ဦးဆောင်ကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျောင်းကော်မတီများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်း၍ ကျောင်းဝန်းအတွင်းရှိ ချုံနွယ်ပိတ်ပေါင်းမြက်ပင်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ သစ်ရွက်သစ်ကိုင်းခြောက်အမှိုက်များမီးရှို့ခြင်း၊ ရေနုတ်မြောင်းများတူးဖော်ခြင်း၊ ရေဝပ်သောနေရာများကို ရေစီးရေလာကောင်းမွန်စေရန်အတွက် စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အောင်ဇော်မင်း