နတ်မောက်မြို့နယ် န-ကျားထူးကျေးရွာတွင် နွားချေးဖြင့်း သဘာဝမြေဩဇာ ပြုလုပ်နည်း လက်တွေ့ပြုလုပ်ပြသ

နတ်မောက်   မေ ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် န-ကျားထူးကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ ပူးပေါင်းပြီး နွားချေးဖြင့် သဘာဝမြေဩဇာပြုလုပ်နည်းများကို ယမန်နေ့ နံနက်ပိုင်းက လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း သိရသည်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံစိုက်ပျိုးမည့်တောင်သူများအား သဘာဝမြေဆွေး စနစ်တကျ ထည့်သွင်းနိုင်ရေးအတွက် နွားချေးပုံ၊ နွားချေးကျင်းများထဲသို့ EM ထည့်သွင်း၍ သဘာဝမြေဆွေး စနစ်တကျ ပြုလုပ်ခြင်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ နွားချေးမြေဆွေးများ ပြုလုပ်ခြင်းဖြင့် မြေဩဇာစျေးမြင့်တက်နေချိန်တွင် တောင်သူများ ကုန်ကျစရိတ် သက်သာစေရန်၊ သဘာဝမြေဩဇာကို လက်တွေ့ပြုလုပ်တက်ပြီး အကျိုးရှိရှိ အသုံးချတက်စေရန်၊ မြေဆီလွှာ၏ ဂုဏ်သတ္တိများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်ဧက အထွက်နှုန်းတိုးတက်စေရန်၊ သဘာဝမြေဩဇာကို အသုံးပြုပြီး အာဟာပြည့်ဝသည့် သီးနှံများ ရရှိစေရန် အင်းကုန်းကျေးရွာ၊ ဒန့်ဒလွန်ပင်ကျေးရွာ၊ န-ကျားထူးကျေးရွာ၊ အောင်ဆန်းရပ်ကွက်နှင့် တမာပင်ရပ်ကွက်ရှိ တောင်သူများအား လက်တွေ့ပြုလုပ်ပြသပေးခဲ့ကြောင်း သိရသည်။

သင်းသင်းမြတ်