ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၌ သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရန် အဘိတ်ဆေး ရည်ခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းတို့ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ဒဂုံမြောက် မေ ၁၉

မိုးရာသီရောက်ရှိလာပြီဖြစ်သဖြင့် မိုးတွင်းကာလတွင် ဖြစ်ပွားတတ်သော ရောဂါများဖြစ်သည့် သွေးလွန်တုတ်ကွေးရောဂါ မဖြစ်ပွားစေရန်ရည်ရွယ်၍   ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်အတွင်းရှိ (၃၉) ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် (၄၂) ရပ်ကွက်၊ သခင်ဘိုးလှကြီး ပတ်လမ်းတ‌စ်လျှောက်တို့၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက  အဆိုပါရပ်ကွက်များရှိ နေအိမ်များအတွင်း အဘိတ်ဆေး ရည်ခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဒေါ်စန်းစန်းဦးနှင့် ဝန်ထမ်းများ၊ ဆရာမ ဒေါ်အေးမင်းစိုးနှင့် ဝန်ထမ်းများက အဖွဲ့နှစ်ဖွဲ့ခွဲ၍ အဘိတ်ဆေးခတ်ခြင်းနှင့် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး ပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနည်းလမ်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများအား အသိပညာပေး ဆောင်ရွက်ခဲ့‌ကြောင်း သတင်းရသည်။

မြင့်မြင့်ရီ