ကမာရွတ်မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး၊ ငါးမျိုးစပ် ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး

ကမာရွတ် မေ ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မွေးကင်းစမှ (၁) နှစ်ခွဲအထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ငါးမျိုးစပ်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများကို  ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်ဒေသန္တရ ကျန်းမာရေးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ရှေးဦးစွာ ကျန်းမာရေးဌာနသို့ဆေးထိုးရန် လာရောက်ကြသော  ကလေးငယ်များနှင့် မိခင်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး သတ်မှတ်နေရာများ၌ နားနေစေပြီး စနစ်တကျ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်းနှင့် ကလေးငယ်များအတွက်လည်း ရာသီအလိုက် ဖြစ်ပေါ်တတ်သော ကူးစက်ရောဂါများဒဏ်မှလည်း ကင်းဝေးစေရန်အတွက် ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းအသိပညာ​ပေး လက်ကမ်းများကို ဖြန့်​ဝေ​ပေးခဲ့ကြ​ကြောင်း သိရသည်။

အဆိုပါ ကလေးပုံမှန်ကာကွယ်ဆေးကိုယ် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။

စိမ်းလဲ့ (ပြန်/ဆက်)