၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး လှုံ့ဆော်မြေစိုက်ပိုစတာ စိုက်ထူ

သဲကုန်း မေ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင်  "ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ "ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်ဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်မြေစိုက် ပိုစတာစိုက်ထူပွဲကို ယနေ့ နံနက် ၉ နာရီက ရုံးလမ်း ၊သဲကုန်းမြို့မ ရဲစခန်းရှေ့၌ ကျင်းပသည်။

ရှေ့ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူးခင်မောင်အေးနှင့် အဖွဲ့ဝင် ဦးဟန်အေး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟိန်းထက်စိုး၊ မြို့နယ်ပညာရေးမှူး ဦးဌေးဝင်းနှင့် တာဝန်ရှိသူများက လှုံ့ဆော်မြေစိုက် ပိုစတာဆိုင်းဘုတ်အား အမွှေးနံ့သာရည်များဖြင့် ပတ်ဖြန်း၍ မြေစိုက်ပိုစတာအား စိုက်ထူးပေးခဲ့ကြပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး